Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:19

Judson Bible

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

73 ပူးပေါင်းရင်းမြစ်များ  

အ​ရှေ့​မျက်​နှာ​စွန်း​သည် အ​နောက်​မျက်​နှာ​စွန်း​နှင့် ဝေး​သည်​အ​တိုင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ငါ​တို့​နှင့် ဝေး​စေ​တော်​မူ၏။

အ​ကျွန်ုပ်​သည်​လည်း မ​တ​ရား​သော​သူ​တို့​အား တ​ရား​လမ်း​ကို ပြ​သ​သွန်​သင်​ပါ​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ​သို့ ပြန်​ကြ​ပါ​လိမ့်​မည်။

အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း ဒု​စ​ရိုက်​တို့​မှ မျက်​နှာ​တော်​ကို​လွှဲ၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို​လည်း ဖြေ​တော်​မူ​ပါ။

ငါ​တစ်​ပါး​တည်း​သာ​လျှင် ကိုယ်​အ​တွက်​ကြောင့်၊ သင်၏​အ​ပြစ်​တို့​ကို ဖြေ​မည်။ သင်၏​ဒု​စ​ရိုက်​အ​မှု​တို့​ကို မ​အောက်​မေ့။

သင်၏​ဒု​စ​ရိုက်​တို့​ကို တိမ်​တိုက်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​အ​ပြစ်​တို့​ကို တိမ်​လွှာ​ကဲ့​သို့​လည်း​ကောင်း ငါ​ချေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​လော့။ သင့်​ကို​ငါ ရွေး​နုတ်​ပြီ။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​သော​သူ​တို့​သည် ပြန်​လာ၍ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့ ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။

သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​လော့။ သူ​တို့ နား​ကို​လည်း ထိုင်း​စေ​လော့။ သူ​တို့​မျက်​စိ​ကို​လည်း ပိတ်​လော့​ဟု မိန့်​တော်​မူ၏။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

သူ​တို့​အ​မျိုး​အ​နွယ် သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်၌ ကျော်​စော​ကြ​လိမ့်​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သော အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏​ဟု သူ​တို့​ကို မြင်​သော​သူ​အ​ပေါင်း​တို့​သည် ဝန်​ခံ​ကြ​လိမ့်​မည်။

ယု​ဒ​အ​မျိုး​တို့၌​ပြု​မည်​ဟု ငါ​ကြံ​စည်​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​သည် ကြား​သော​အ​ခါ၊ သူ​တို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ငါ​လွှတ်​မည်​အ​ကြောင်း၊ အ​သီး​အ​သီး​လိုက်​ဖူး​သော အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကောင်း ရှောင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​ပြစ်​ကို စစ်​ကြော​သော်​လည်း အ​ပြစ်​မ​ပေါ်​ရာ။ ယု​ဒ​ဒု​စ​ရိုက်​တို့​ကို ရှာ၍ မ​တွေ့​ရာ။ ငါ​ချန်​ထား​သော သူ​တို့၏​အ​ပြစ်​ကို ငါ​ဖြေ​ရှင်း​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​တို့​သည် ကိုယ်​လိုက်​သော​လမ်း​တို့​ကို စစ်​ကြော​စုံ​စမ်း၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​သွား​ကြ​ကုန်​အံ့။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို အ​ထံ​တော်​သို့ လှည့်​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​တို့​သည် ပြန်၍ လာ​ကြ​ပါ​မည်။ ရှေး​ကာ​လ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကာ​လ​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ ဆိုး​သော​သူ​သည် အ​သေ​ခံ​ခြင်း​အ​မှု​ကို ငါ​နှစ်​သက်​သည် မ​ဟုတ်။ ဆိုး​သော​သူ​သည် မိ​မိ​ဆိုး​သော​လမ်း​မှ​လွှဲ၍ အ​သက်​ရှင်​ခြင်း​အ​မှု​ကို​သာ ငါ​နှစ်​သက်၏။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​လိုက်​သော လမ်း​ဆိုး​မှ လွှဲ​ကြ​လော့။ လွှဲ​ကြ​လော့။ အ​ဘယ်​ကြောင့် အ​သေ​ခံ​လို​ကြ​သ​နည်း။

မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ၌ မှတ်​သား​သည်​အ​တိုင်း၊ ဤ​ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​သည် အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ဒု​စ​ရိုက်​များ​ကို​ရှောင်၍ သ​မ္မာ​တ​ရား​တော်​ကို နား​လည်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မ​တောင်း​ပန်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။

အ​ဝတ်​ကို မ​ဆုတ်​ဘဲ နှ​လုံး​ကို​ဆုတ်​လျက်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ ချစ်​သ​နား​ခြင်း မေ​တ္တာ​က​ရု​ဏာ​နှင့် ပြည့်​စုံ၍ စိတ်​ရှည်​သော​သ​ဘော၊ အ​လွန် ကျေး​ဇူး​ပြု​ချင်​သော​သ​ဘော၊ အ​ပြစ်​ပေး​ခြင်း​ကို နောင်​တ​ရ​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ဤ​လူ​မျိုး​သည် မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့ အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည် တိုင်​အောင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏ ဟူ​သော​စ​ကား​သည် ဤ​လူ​တို့၌ ပြည့်​စုံ​ခြင်း​သို့​ရောက်​သ​တည်း။-

ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-

ဣ​သ​ရေ​လ​အ​မျိုး​သား အ​များ​တို့​ကို သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​စေ​လိမ့်​မည်။-

ပေ​တ​ရု​က၊ အ​ချင်း​မိန်း​မ၊ ထို​သူ​ကို ငါ​မ​သိ​ဟု ငြင်း​လေ၏။-

ထို​တ​မန်​တော်​တို့​သည်​လည်း စု​ဝေး၍၊ သ​ခင်​ဘု​ရား၊ ယ​ခု​အ​ခါ​ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိုင်​ငံ​ကို​ပြန်​ပေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ကြ​လျှင်၊-

ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ထို​သူ​တို့​သည် ကြား​ရ​လျှင် မ​ငြင်း​ဘဲ​နေ၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​ခြင်း​အ​လို​ငှာ၊ နောင်​တ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း ပေး​တော်​မူ​ပြီ​ဟု ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။

အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။-

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင် သူ​တို့၏ စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏​ဟု ငါ​တို့​ဘိုး​ဘေး​များ​အား လျောက်​ပတ်​စွာ မိန့်​တော်​မူ၏။-

သင်​တို့​အ​ဖို့​အ​လို​ငှာ ခန့်​ထား​တော်​မူ​နှင့်​သော ယေ​ရှု​ခ​ရစ်​ကို စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ သင်​တို့ အ​ပြစ်​များ​ကို ပြေ​စေ​ခြင်း​ငှာ နောင်​တ​ရ၍ စိတ်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊-

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။-

သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။-

ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ