Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:20

Judson Bible

လု​လင်​က​လည်း၊ ကိုယ်​တော်​သည် နက်​ဖြန်​နေ့၌ ပေါ​လု​ကို လွှတ်​တော်​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ယု​ဒ​လူ​တို့​သည် သူ့​ကို​သာ၍ စေ့​စေ့​မေး​မြန်း​မည်​အ​ဟန်​ပြု၍၊ ကိုယ်​တော်​ကို တောင်း​လျှောက်​မည်​ဟု တိုင်​ပင် ညှိ​ညွှတ်​ကြ​ပါ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အိမ်​နီး​ချင်း​တို့​သည် တစ်​ဦး​ကို​တစ်​ဦး မု​သား​သုံး၍ ချော့​မော့​သော​နှုတ်​ခမ်း၊ နှစ်​ခွ​သော​စိတ်​နှင့် ပြော​တတ်​ကြ​ပါ၏။

နက်​ဖြန်​နေ့​တွင် အ​ဘယ်​အ​ပြစ်​ကို ယု​ဒ​လူ​တို့​သည် ပေါ​လု၌ တင်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် အ​မှန်​သိ​လို​သော​ကြောင့်၊ ပေါ​လု၌ ချည်​နှောင်​သော​သံ​ကြိုး​ကို ချွတ်၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ သူ​တို့​ရှေ့၌​ထား​လေ၏။

ပေါ​လု​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စေ့​စေ့​ကြည့်​ရှု၍၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​ဝတ်​ကို ပြု​ခြင်း​အ​မှု​မှာ၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက် ပြု​ပါ​သည်​ဟု ပြော​ဆို​သော်၊-

စစ်​သူ​ကြီး​သည် လု​လင်​ကို​လက်​ဆွဲ၍ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ သင်​သည်​အ​ဘယ်​အ​ကြောင်း​ကို ငါ့​အား​လျှောက်​ချင်​သ​နည်း​ဟု မေး​မြန်း​လေ၏။-

ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​နှင့် သူ့​ကို​လုပ်​ကြံ​မည်​ဟု အ​ကျွန်ုပ်​ရိပ်​မိ​လျှင်၊ သူ့​ကို ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​စေ​လွှတ်၍ အ​မှု​လုပ်​သော​သူ​တို့​ကို ရှေ့​တော်၌ လျှောက်​ထား​စေ​ခြင်း​ငှာ စီ​ရင်​ပါ၏။ ကိုယ်​တော် ကျန်း​မာ​ပါ​စေ​သော​ဟု ရေး၍​ပေး​လိုက်​သ​တည်း။

ထို​အ​ရာ​ရှိ​တို့​တွင် အ​ချို့​တို့​သည် ဇ​ဒ္ဒု​ကဲ​ဖြစ်​ကြ​သည်၊ အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သည်​ကို ပေါ​လု​သိ​မြင်​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ဖာ​ရိ​ရှဲ​ဖြစ်၏။ ဖာ​ရိ​ရှဲ၏​သား​လည်း​ဖြစ်၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​မည်​ဟု မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ၏​ဟု လွှတ်​တော်​ပေါ်​မှာ ကြွေး​ကြော်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ