Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:21

Judson Bible

သို့​ရာ​တွင် သူ​တို့၏ အ​လို​သို့​မ​လိုက်​ပါ​နှင့်။ ပေါ​လု​ကို​မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​သော ယု​ဒ​လူ​လေး​ကျိပ်​မ​က၊ လမ်း​နား၌ ပေါ​လု​ကို​ချောင်း၍ နေ​ကြ​ပါ၏။ ယ​ခု​ပင် ကိုယ်​တော်​ဝန်​ခံ​မည့်​စ​ကား​ကို ထို​သူ​တို့​သည် ဆိုင်း​လင့်၍ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​များ​နောက်​သို့​လိုက်​၍ မ​တ​ရား​သ​ဖြင့်​မ​ပြု​ရ။ တ​ရား​တွေ့​သည်​အ​မှု​မှာ ကြီး​သော​သူ​ဘက်၌​နေ၍၊ တ​ရား​လမ်း​မှ လွဲ​စေ​ခြင်း​ငှာ​မ​ပြော​ရ။

ချောင်း​မြောင်း​လျက် စ​ကား​တော်​ကို​ဖမ်း​ခြင်း​ငှာ ရှာ​ကြံ​လျက်၊ ကျပ်​ကျပ်​တိုက်​တွန်း၍ အ​ရာ​ရာ​တို့၌ မေး​စစ်​ကြ၏။

အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။-

စစ်​သူ​ကြီး​က​လည်း၊ သင်​သည်​ငါ့​အား ဤ​သို့​ကြား​လျှောက်​သည်​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်​ဟု ထို​လု​လင်​ကို​မှာ​ထား၍ လွှတ်​လိုက်​ပြီး​လျှင်၊

ပေါ​လု​ကို သတ်​ခြင်း​ငှာ လမ်း​နား၌ ချောင်း၍ နေ​မည်​ဟု​အ​ကြံ​ရှိ​သည်​နှင့်၊ ပေါ​လု၏​အ​ကြောင်း​ကို ကြား​လျှောက်​တောင်း​ပန်၍၊ သူ့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ဇာ​တိ​အား​ဖြင့် ငါ့​အ​မျိုး​သား​ချင်း​ဖြစ်​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက်၊ ငါ​သည် ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ခွာ၍ ကျိန်​ခြင်း​ကို ခံ​ချင်​လောက်​အောင် စိတ်​ရှိ၏။-

အ​ကြိမ်​ကြိမ် ဒေ​သ​စာ​ရီ​လှည့်​လည်​ပြီ။ မြစ်​ကို ကူး​သော​ဘေး၊ ဓား​ပြ​တိုက်​သော​ဘေး၊ အ​မျိုး​သား​ချင်း ပြု​သော​ဘေး၊ တစ်​ပါး​အ​မျိုး​သား​ပြု​သော​ဘေး၊ မြို့​ရွာ၌ ရောက်​သော​ဘေး၊ တော၌​ရောက်​သော​ဘေး၊ ပင်​လယ်​ဘေး၊ ညီ​အစ်​ကို​ဖြစ်​ယောင်​ဆောင်​သော သူ​တို့​ပြု​သော​ဘေး၊ ဤ​ဘေး​များ​ကို ငါ​တွေ့​ခဲ့​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ