Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:19

Judson Bible

စစ်​သူ​ကြီး​သည် လု​လင်​ကို​လက်​ဆွဲ၍ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ သင်​သည်​အ​ဘယ်​အ​ကြောင်း​ကို ငါ့​အား​လျှောက်​ချင်​သ​နည်း​ဟု မေး​မြန်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။

ရှင်​ဘု​ရင်​က​လည်း၊ မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ဒု​တိ​ယ​နေ့​ရက်၌ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။

ယေ​ရှု​က​လည်း၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-

ကိုယ်​တော်​သည် လူ​ကန်း​ကို​လက်​ဆွဲ၍ မြို့​ပြင်​သို့ ထွက်​ပြီး​မှ၊ သူ၏​မျက်​စိ​ကို တံ​တွေး​နှင့်​ထွေး၍ သူ့​အ​ပေါ်​မှာ လက်​တော်​ကို​တင်​လျက်၊ သင်​သည် တစ်​စုံ​တစ်​ခု​ကို မြင်​သ​လော​ဟု မေး​တော်​မူ၏။-

ယေ​ရှု​သည် သူ၏​လက်​ကို​ကိုင်၍ ချီ​ကြွ​တော်​မူ​သ​ဖြင့် သူ​သည်​ထ​လေ၏။

ထို​အ​ခါ​တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​နှင့် ယု​ဒ​မင်း​လု​လင်​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး၍ ချည်​နှောင်​ပြီး​လျှင် အ​န္နတ်​မင်း​ထံ​သို့ ရှေ့​ဦး​စွာ ယူ​သွား​ကြ၏။-

ထို​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို​ခေါ်၍ အာ​ရေ​တောင်​သို့ ဆောင်​သွား​ပြီး​လျှင်၊ သင်​သည် ဟော​ပြော​သော ဤ​အ​ယူ​ဝါ​ဒ​သစ်​ကို ငါ​တို့ သိ​အပ်​သ​လော။-

တပ်​မှူး​သည် လု​လင်​ကို စစ်​သူ​ကြီး​ထံ​သို့ ပို့​ပြီး​လျှင်၊ အ​ကျဉ်း​ခံ​ရ​သော ပေါ​လု​သည် အ​ကျွန်ုပ်​ကို ခေါ်၍၊ ကိုယ်​တော်​အား​လျှောက်​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သော ဤ​လု​လင်​ကို ကိုယ်​တော်​ထံ​သို့ ပို့​စေ​ခြင်း​ငှာ တောင်း​ပန်​ပါ​သည်​ဟု​လျှောက်၏။-

လု​လင်​က​လည်း၊ ကိုယ်​တော်​သည် နက်​ဖြန်​နေ့၌ ပေါ​လု​ကို လွှတ်​တော်​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ယု​ဒ​လူ​တို့​သည် သူ့​ကို​သာ၍ စေ့​စေ့​မေး​မြန်း​မည်​အ​ဟန်​ပြု၍၊ ကိုယ်​တော်​ကို တောင်း​လျှောက်​မည်​ဟု တိုင်​ပင် ညှိ​ညွှတ်​ကြ​ပါ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ