Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:1

Judson Bible

ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​ရောက်​သော​အ​ခါ ထို​သူ​အ​ပေါင်း​တို့​သည် တ​ညီ​တ​ညွတ်​တည်း စည်း​ဝေး၍​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

သီ​ချင်း​ဆို​သော​သူ​တို့​နှင့် ဝိုင်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍ ထော​မ​နာ​ပြု​ခြင်း​ငှာ၊ တ​ညီ​တ​ညွတ်​တည်း အ​သံ​ပြိုင်​လျက်၊ ကောင်း​မြတ်​တော်​မူ​သည်။ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သည်​ဟု တံ​ပိုး​ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့်​တ​ကွ၊ အ​သံ​ကို​လွှင့်၍ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သည် မိုး​တိမ်​နှင့်​ပြည့်၏။

ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။

လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။

ဂျုံ​စ​ပါး​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ ခု​နစ်​သီ​တင်း​ပွဲ​ကို​လည်း​ကောင်း၊ နှစ်​လဲ​သော​အ​ခါ သို​ထား​ပွဲ​ကို​လည်း​ကောင်း​ခံ​ရ​မည်။

ကိုယ်​အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော သား​သ​မီး​တို့၏ အ​ကျိုး​အ​လို​ငှာ​လည်း​ကောင်း၊ ငါ့​ကို အ​စဉ် ကြောက်​ရွံ့​စေ​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း ကျင့်​ကြံ​နိုင်​သော​သ​ဘော​ကို ငါ​ပေး​မည်။

အ​ကယ်​စင်​စစ် လူ​မျိုး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို တ​ညီ​တ​ညွတ်​တည်း ဆောင်​ရွက်​မည်​အ​ကြောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဘာ​သာ​စ​ကား​ကို သူ​တို့​အား ငါ​ပြန်​ပေး​မည်။

က​တိ​တော်​အ​ချက် ဟူ​မူ​ကား၊ ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် မ​ကြာ​မ​မြင့်​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။-

ပေါ​လု​သည် ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​မ​လွန်​မီ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​နိုင်​လျှင်​ရောက်​ခြင်း​ငှာ ကြိုး​စား​သည်​ဖြစ်၍ အာ​ရှိ​ပြည်၌ တာ​ရှည်​စွာ​မ​နေ​လို​သ​ဖြင့် ဧ​ဖက်​မြို့​မှာ မ​ဆိုက်​ဘဲ လွှင့်​သွား​မည်​ဟု စိတ်​ပြဋ္ဌာန်း​လျက်​ရှိ​နှင့်​သ​တည်း။

ထို​သူ​များ​တို့​သည်​ကြား​ရ​လျှင်၊ တ​ညီ​တ​ညွတ်​တည်း ဘု​ရား​သ​ခင့်​ထံ​သို့​အ​သံ​ကို​လွှင့်​လျက်၊ အ​စိုး​ရ​တော်​မူ​သေ​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍ ထို​အ​ရပ်​တို့၌ ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။-

ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။-

တ​မန်​တော်​တို့​သည်​လည်း လူ​များ​ရှေ့​မှာ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အ​ရာ​များ​ကို ပြု​ကြ၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​က​နား​ပြင်၌ တ​ညီ​တ​ညွတ်​တည်း နေ​ကြ​သ​ဖြင့်၊-

ယေ​ရှု​ခ​ရစ်၏​အ​လို​တော်​အ​တိုင်း အ​ချင်း​ချင်း စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

ပင်​တေ​ကု​တ္တေ ပွဲ​နေ့​တိုင်​အောင် ဧ​ဖက်​မြို့၌ ငါ​နေ​ရ​မည်။-

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-

သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ