Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:2

Judson Bible

ထို​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​သော​အ​သံ​သည် တစ်​ခ​ဏ​ချင်း​တွင် ကောင်း​ကင်​မှ​လာ၍၊ ထို​သူ​တို့ နေ​ထိုင်​သော​အိမ်​ကို ဖြည့်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

နှုတ်​က​ပတ်​တော်​က​လည်း ထွက်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့ တောင်​ပေါ်​မှာ​ရပ်​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား​လျှောက်​သွား​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ အား​ကြီး​သော​လေ​ပြင်း​သည် တောင်​ထိပ်​တို့​ကို​ခွဲ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျောက်​တို့​ကို ချိုး​ဖဲ့၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် လေ၌​ရှိ​တော်​မ​မူ။ လေ​နောက်​မှာ မြေ​လှုပ်​ခြင်း​ရှိ၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​လှုပ်​ရှား​ခြင်း၌​လည်း ရှိ​တော်​မ​မူ။

ခေ​ရု​ဗိမ်​ကို​စီး​လျက် ပျံ​တော်​မူ၏။ လေ၏​အ​တောင်​တို့​အ​ပေါ်​မှာ လျင်​စွာ ပျံ​တော်​မူ၏။

မြောက်​လေ၊ နိုး​ပါ။ တောင်​လေ၊ လာ​ပါ။ ငါ့​ဥ​ယျာဉ်​အ​ပေါ်​သို့​လာ​ကြ​ပါ။ မွှေး​ကြိုင်​သော အ​နံ့​သည် ပျံ့​လှိုင်​ပါ​စေ။ ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်​သို့​ဝင်၍၊ ချို​သော​အ​သီး​ကို စား​တော်​မူ​ပါ​စေ။

ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ကောင်း​ကင်​တ​မန်​နှင့်​အ​တူ ကောင်း​ကင်​ဗိုလ်​ခြေ အ​များ​တို့​သည် ချက်​ချင်း​ထင်​ရှား၍၊-

လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ထို​ခ​ဏ​ချင်း​တွင် ကွဲ​ပြား​သော​လျှာ​တို့​သည် မီး​လျှာ​ကဲ့​သို့​ထင်​ရှား၍၊ ထို​သူ​အ​သီး​အ​သီး​တို့​အ​ပေါ်၌ တည်​နေ​ကြ၏။-

ထို​အ​သံ​ကို​ကြား​ရ​သော​အ​ခါ၊ လူ​များ​တို့​သည်​စု​ဝေး​လာ​ကြ​လျှင်၊ အ​သီး​သီး​အ​ခြား​ခြား​သော မိ​မိ​တို့ ဘာ​သာ​စ​ကား​ဖြင့် တ​မန်​တော်​တို့​ဟော​ပြော​သည်​ကို ကြား​ရ၍ မှိုင်​တွေ​လျက်​ရှိ​နေ​ကြ၏။-

ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။

ကိုယ်​ဟော​ပြော​ပြု​စု​သော အ​ရာ​များ​တို့​သည်၊ ကိုယ်​အ​ဖို့ မ​ဟုတ်၊ သင်​တို့​အ​ဖို့ ဖြစ်​သည်​ဟု ထို​သူ​တို့​အား ဖွင့်​ပြ​တော်​မူ၏။ ကောင်း​ကင်​ဘုံ​မှ စေ​လွှတ်​တော်​မူ​သော သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ပါ​လျက်၊ သင်​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​သူ​တို့​သည်၊ ထို​အ​ရာ​များ​ကို သင်​တို့​အား ယ​ခု​ကြား​ပြော​ကြ​ပြီ။ ထို​အ​ရာ​တို့​ကို ကောင်း​ကင်​တ​မန်​တို့​သည် စေ့​စေ့​ကြည့်​ရှု စဉ်း​စား​ချင်​သော စေ​တ​နာ​စိတ် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ