Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 1:26

Judson Bible

စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

စာ​ရေး​တံ​ပြု​လျက် အ​သီး​အ​ခြား​ခွဲ​ခန့်၍ သန့်​ရှင်း​ရာ​ဌာ​န​အုပ်၊ ဘု​ရား​သ​ခင်၏ အ​မှု​တော်​အုပ်​တို့​ကို ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က ရွေး​ယူ​ရ၏။

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​မွေး​စ​ရာ ထင်း​ပူ​ဇော်​သ​ကာ​ကို၊ တစ်​နှစ်​တစ်​နှစ်​လျှင် ချိန်း​ချက်​သော အ​ချိန်​တို့၌၊ အ​ဆွေ​အ​မျိုး​အ​လိုက် ငါ​တို့​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား ပြည်​သူ​ပြည်​သား​တို့​သည် စာ​ရေး​တံ​ပြု​ကြ၏။

ထို​အ​ခါ လူ​များ​တို့​တွင် မင်း​လုပ်​သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် သန့်​ရှင်း​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ကျိပ်​တွင်​တစ်​ယောက်၊ အ​ခြား​သော​မြို့​တို့၌ ကိုး​ယောက် နေ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ပြု​ကြ၏။

ဉာဏ်​ပ​ညာ​ကို​ရ​သော​သူ​သည် အ​သက်​စမ်း​ရေ​တွင်း​ကို ရ၏။ မိုက်​သော​သူ​တို့၏ သွန်​သင်​ခြင်း​မူ​ကား၊ မိုက်​ခြင်း​ဖြစ်၏။

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

အာ​ရုန်​သည် ထို​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​တစ်​တံ၊ လွတ်​လပ်​လ​ဟာ​အ​ဖို့​တစ်​တံ၊ စာ​ရေး​တံ​နှစ်​တံ​ချ၍၊

နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။

တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။-

ဗာ​ရှ​ဗ​ဟု ခေါ်​ဝေါ်၍ ယု​တ္တု​အ​မည်​သစ်​ကို​ရ​သော ယော​သပ်​နှင့် မဿိ​ကို ခန့်​ထား၍၊-

ခါ​နာန်​ပြည်၌ လူ​ခု​နစ်​မျိုး​တို့​ကို ပယ်​ရှား​ပြီး​လျှင်၊ ထို​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ပေး​ကမ်း ဝေ​ငှ​တော်​မူ၏။-

ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။-

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။

ယော​ရှု​သည် ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စာ​ရေး​တံ​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​အား မြေ​ကို​ပိုင်း​ခြား​လေ၏။

မြို့​ရိုး​အ​မြစ်​သည် တစ်​ဆယ်​နှစ်​ထပ်​ရှိ၏။ သိုး​သ​ငယ်၏​တ​မန်​တော် တစ်​ဆယ်​နှစ်​ပါး၏ နာ​မ​တို့​သည် မြို့​ရိုး​အ​မြစ်​ပေါ်၌ ရေး​ထား​လျက်​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ