Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 4:8

Judson Bible

သူ​သည် သင်​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ၍၊ သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​ခြင်း​ငှာ၊ ထို​သူ ကို​လည်း​ကောင်း၊ သင်​တို့​အ​ထဲ​က​ဖြစ်၍ သ​စ္စာ​ရှိ​သော ငါ​ချစ်​သော​ညီ ဩ​နေ​သိမ်​ကို​လည်း​ကောင်း၊ သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ သူ​တို့​သည် ဤ​မြို့၌​ဖြစ်​သ​မျှ​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား ဖော်​ပြ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို နှစ်​သိမ့်​စေ​ကြ​လော့။ နှစ်​သိမ့်​စေ​ကြ​လော့။

ထို​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော ငါ၏​ချစ်​သား​တိ​မော​သေ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ငါ​သွန်​သင်​သည်​နှင့်​အ​ညီ၊ ငါ​သည် ခ​ရစ်​တော်၌​ကျင့်​သော အ​ကျင့်​ဓ​လေ့​များ​ကို သင်​တို့​သည် မှတ်​မိ​စေ​ခြင်း​ငှာ သူ​သည် ပြ​သ​တိုက်​တွန်း​လိမ့်​မည်။-

ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

တိ​တု​သည် သင်​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း ငါ​တောင်း​ပန်၍၊ သူ​နှင့်​တ​ကွ အ​ခြား​သော ညီ​တစ်​ယောက်​ကို စေ​လွှတ်၏။ တိ​တု​သည် ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့၏​ဥ​စ္စာ​ကို ယူ​သ​လော။ ငါ​တို့​သည် စိတ်​သ​ဘော​ချင်း​တူ၍ ကျင့်​ကြ​သည် မ​ဟုတ်​လော။ တစ်​လမ်း​တည်း လိုက်​ကြ​သည် မ​ဟုတ်​လော။

သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။-

သင်​တို့​သည် ငါ​တို့၏​အ​ကြောင်း​အ​ရာ​များ​ကို သိ​မည်​အ​ကြောင်း​နှင့်၊ ထို​သူ​သည် သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ​မည်​အ​ကြောင်း၊ ထို​သူ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။-

ထို​ကြောင့် သင်​တို့​သည် သူ့​ကို​တစ်​ဖန် တွေ့​မြင်၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည်​လည်း သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ့​ကို သာ၍​ကြိုး​စား​သည်​နှင့် ငါ​စေ​လွှတ်၏။-

မေ​တ္တာ​ချင်း​ထုံး​ဖွဲ့၍၊ ခ​မည်း​တော်​ဘု​ရား​နှင့် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကို​နား​လည်​နိုင်​သော ဝိ​စိ​ကိ​စ္ဆာ​နှင့် ကင်း​စင်​သော ဉာဏ်၏ စည်း​စိမ်​အ​ပေါင်း​နှင့် ပြည့်​စုံ၍၊ စိတ်​နှ​လုံး​သက်​သာ​စေ​မည်​အ​ကြောင်း အ​ဘယ်​မျှ​လောက်​ကြီး​သော တိုက်​လှန်​ခြင်း​ကို ငါ​ခံ​ရ​သည်​ဟု သင်​တို့​သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို လုပ်​ဖော်​ဆောင်​ဖက် ဖြစ်​သော ငါ့​ညီ​တိ​မော​သေ​ကို လွှတ်​လိုက်၏။-

စုံ​စမ်း​သွေး​ဆောင်​တတ်​သော​သူ​သည် သင်​တို့​ကို စုံ​စမ်း​သွေး​ဆောင်​သ​ဖြင့်၊ ငါ​တို့​ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း​အ​မှု​သည် အ​ချည်း​နှီး​ဖြစ်​မည်​ဟု စိုး​ရိမ်၍ မ​အောင့်​နိုင်​သော​အ​ခါ သင်​တို့၏ ယုံ​ကြည်​ခြင်း​ကို သိ​လို​သော​ငှာ ငါ​စေ​လွှတ်၏။

သို့​ဖြစ်၍၊ ဤ​စ​ကား​များ​အား​ဖြင့် အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သက်​သာ​စေ​ကြ​လော့။

ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။

တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။-

သင်​တို့​စိတ်​နှ​လုံး​ကို သက်​သာ​စေ၍၊ ကောင်း​သော​စ​ကား၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး၌ သင်​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ