Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ကော​လော​သဲ 4:10

Judson Bible

ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ အာ​ရိ​တ္တာ​ခု၊ ဗာ​န​ဗ၏​ညီ​အစ်​ကို​တော်​မာ​ကု၊ ယု​တ္တု​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။ မာ​ကု​အ​တွက် သင်​တို့​ကို ငါ​မှာ​လိုက်​ခဲ့​ပြီ။ သူ​သည် သင်​တို့​ဆီ​သို့ ရောက်​လာ​လျှင် လက်​ခံ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

လူ​များ​စု​ဝေး၍ ဆု​တောင်း​ရာ၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်၏​အ​မိ​ဖြစ်​သော မာ​ရိ၏​အိမ်​သို့​ရောက်၍၊-

ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။

ပေါ​လု​နှင့် ပါ​သော​သူ​တို့​သည် ပါ​ဖု​မြို့​မှ​လွှင့်၍ ပမ်​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​လျှင်၊ ယော​ဟန်​သည် သူ​တို့​ထံ​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။-

ရှာ​လ​မိ​မြို့၌​ရှိ​နေ​စဉ်၊ ယု​ဒ​တ​ရား​ဇ​ရပ်​များ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။ ယော​ဟန်​သည်​လည်း ထို​သူ​တို့၏​လက်​ထောက် ဖြစ်​သ​တည်း။-

တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။-

ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

အာ​ဒြ​မု​တ္တိ သင်္ဘော​ကို​စီး၍ အာ​ရှိ​ပြည်​နား​သို့ လျှောက်​သွား​မည်​အ​ကြံ​နှင့် လွှင့်​ကြ၏။ အာ​ရိ​တ္တ​ခု​အ​မည်​ရှိ​သော မာ​ကေဒေါ​နိ​ပြည်​သက်သာ​လော​နိတ်​မြို့​သား​သည် ငါ​တို့​နှင့်​ပါ၏။-

ယော​သေ​အ​မည်​ရှိ၍ သက်​သာ​စေ​ခြင်း၏ သား​ဟု​ဆို​လို​သော ဗာ​န​ဗ​အ​မည်​သစ်​ကို တ​မန်​တော်​တို့ သ​မုတ်​ခြင်း​အား​ဖြင့်​ရ​သော ကု​ပ​ရု​ပြည်​သား လေ​ဝိ​လူ​တစ်​ယောက်​သည်၊-

သန့်​ရှင်း​သူ​တို့​သည် ပြု​သင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ ထို​သူ​ကို​လက်​ခံ​ကြ​လော့။ သူ​သည် အ​ကူ​အ​မ​လို​သ​မျှ​သော အ​မှု​တို့၌ သူ့​ကို​ကူ​မ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​သည် များ​စွာ​သော သူ​တို့​ကို​လည်း​ကောင်း၊ ငါ့​ကို​လည်း​ကောင်း၊ မ​စ​သော​သူ​ဖြစ်၏။-

ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော​သူ၊ ငါ​အ​မျိုး​သား​ချင်း အ​န္ဒြော​နိတ်​နှင့် ယု​နိ​ကို နှုတ်​ဆက်​ကြ​လော့။ ထို​သူ​တို့​သည် တ​မန်​တော်​များ​တွင် အ​သ​ရေ​ထင်​ရှား​သော​သူ ဖြစ်​ကြ၏။ ငါ့​အ​ရင် တ​ပည့်​တော်​အ​ဖြစ်​သို့ ရောက်​သော​သူ​လည်း ဖြစ်​ကြ၏။-

လု​ကာ​တစ်​ယောက်​တည်း​သာ ငါ့​ထံ​မှာ​ရှိ၏။ မာ​ကု​ကို သင်​နှင့်​အ​တူ​ခေါ်​ခဲ့​လော့။ သူ​သည် ဆ​ရာ​အ​မှု​ကို​ပြု​ရာ​မှာ ငါ​အ​ကျိုး​ရှိ၏။-

ယေ​ရှု​ခ​ရစ်​ကြောင့် ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သော ဧ​ပ​ဖြ​မှ စ၍၊-

ငါ၏ လုပ်​ဖော်​ဆောင်​ဖက် မာ​ကု၊ အာ​ရိ​တ္တာ​ခု၊ ဒေ​မ၊ လု​ကာ​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။-

ငါ့​သား​မာ​ကု​မှ​စ၍ ဗာ​ဗု​လုန်​မြို့၌​ရှိ​သော သင်​တို့​နှင့်​အ​တူ ရွေး​ချယ်​တော်​မူ​သော အ​သင်း​တော်​သည် သင်​တို့​ကို နှုတ်​ဆက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ