သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန် ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဖော်ပြလိမ့်မည်။-
ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။-
သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော်၊ ငါ့ကိုပြုစုသော သူတည်းဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။-
သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။-
သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဖို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။-
တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ။-
အာတေမသော်လည်းကောင်း၊ တုခိတ်သော်လည်းကောင်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှာ ကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။-