Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 5:4

Judson Bible

ရှေ​သ​ကို ဖွား​မြင်​သော​နောက် အာ​ဒံ​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

အာ​ဖာ​ဇဒ်​သည် အ​သက်​သုံး​ဆယ်​ငါး​နှစ်​ရှိ​သော်၊ သား​ရှာ​လ​ကို​မြင်​လေ၏။

ကာ​ဣ​နန်​ဖွား​မြင်​သော​နောက်၊ ဧ​နုတ်​သည် အ​နှစ်​ရှစ်​ရာ​တစ်​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍ သား​သ​မီး​များ​ကို မြင်​လေ​၏။

မ​ဟာ​လေ​လ​ဖွား​မြင်​သော​နောက်၊ ကာ​ဣ​နန်​သည် အ​နှစ်​ရှစ်​ရာ​လေး​ဆယ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။

ဧ​နောက်​ဖွား​မြင်​သော​နောက် ယာ​ရက်​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်​၍ သား​သ​မီး​များ​ကို​မြင်​လေ​၏။

မ​သု​ရှ​လ​ဖွား​မြင်​သော​နောက်၊ ဧ​နောက်​သည် အ​နှစ်​သုံး​ရာ​ပတ်​လုံး ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၍၊ သား​သ​မီး​များ​ကို မြင်​လေ​၏။

လာ​မက်​ဖွား​မြင်​သော​နောက်၊ မ​သု​ရှ​လ​သည် အ​နှစ်​ခု​နစ်​ရာ​ရှစ်​ဆယ်​နှစ်​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။

အာ​ဒံ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော်၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တ​သ​ဏ္ဌာန်​တည်း​သား​ကို​မြင်​ရ၍၊ ရှေ​သ​အ​မည်​ဖြင့် မှည့်​လေ၏။

နော​ဧ​ဖွား​မြင်​သော​နောက်၊ လာ​မက်​သည် အ​နှစ်​ငါး​ရာ​ကိုး​ဆယ်​ငါး​နှစ်​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို မြင်​လေ၏။

အာ​ဒံ​သည် အ​သက်​နှစ်​ပေါင်း ကိုး​ရာ​သုံး​ဆယ်​စေ့​သော် သေ​လေ​၏။

ဧ​နုတ်​ဖွား​မြင်​သော​နောက်၊ ရှေ​သ​သည် အ​နှစ်​ရှစ်​ရာ​ခု​နစ်​နှစ်​အ​သက်​ရှင်​၍၊ သား​သ​မီး​များ​ကို​မြင်​လေ​၏။

ဘု​ရား​သ​ခင်​သည်​လည်း၊ နော​ဧ​နှင့် သူ၏​သား​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ၍၊ သင်​တို့​သည်​များ​ပြား​စွာ​မွေး​ဖွား​လျက် မြေ​ကြီး​ကို​ပြည့်​စေ​ကြ​လော့။

သင်​တို့​သည် သား​ကို​ဖွား၍ များ​ပြား​ကြ​လော့။ မြေ​ပေါ်​မှာ အ​လွန်​မွေး​ဖွား၍ များ​ပြား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ဖွား​မြင်​သော သား​သ​မီး​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဆု​ချ၍ ပေး​သ​နား​တော်​မူ​သော အ​မွေ​ဥ​စ္စာ​ဖြစ်​ကြ၏။

အ​ကျွန်ုပ်​တို့၏​သား​တို့​သည် အ​ရွယ်​ပျို​စဉ်​တွင်၊ ကြီး​ပွား​သော ပျိုး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သ​မီး​တို့​သည် ဘုံ​ဗိ​မာန်​နည်း​တူ ထု​သော တိုက်​ထောင့်​ကျောက်​တိုင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ