Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 5:3

Judson Bible

အာ​ဒံ​သည် အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော်၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တ​သ​ဏ္ဌာန်​တည်း​သား​ကို​မြင်​ရ၍၊ ရှေ​သ​အ​မည်​ဖြင့် မှည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ဒံ​သည်​လည်း မိ​မိ​မ​ယား​နှင့် တစ်​ဖန်​ဆက်​ဆံ​ပြန်​လျှင်၊ မ​ယား​သည် သား​ကို​ဖွား​မြင်၍၊ ရှေ​သ​ဟူ​သော​အ​မည်​ဖြင့် မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​သတ်​သော အာ​ဗေ​လ​ကိုယ်​စား၊ တစ်​ပါး​သော​အ​နွယ်​ကို အ​ကျွန်ုပ်​အ​ဖို့ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

လူ​ယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း၍၊ ကောင်း​ချီး​ပေး​တော်​မူ၏။ ဖန်​ဆင်း​သော​နေ့၌​လည်း သူ​တို့​ကို အာ​ဒံ​အ​မည်​ဖြင့် မှည့်​တော်​မူ၏။

ရှေ​သ​ကို ဖွား​မြင်​သော​နောက် အာ​ဒံ​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။

မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။

သို့​ဖြစ်၍ လူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ ကု​သိုလ်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း။ လူ​မိန်း​မ​ဖွား​မြင်​သော​သူ​သည် အ​ဘယ်​သို့ သန့်​ရှင်း​နိုင်​သ​နည်း။

အ​ကျွန်ုပ်​သည် မွေး​စ​က​ပင် အ​ပြစ်​ပါ​လျက်​ရှိ၏။ အ​မိ​ဝမ်း​ထဲ​မှာ ပ​ဋိ​သ​န္ဓေ​ယူ​စဉ်​ပင် အ​ပြစ်​စွဲ​ပါ၏။

ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ရှာ​လ​အ​ဘ ကာ​ဣ​နန်၊ ကာ​ဣ​နန်​အ​ဘ အာ​ဖာ​ဇဒ်၊ အာ​ဖာ​ဇဒ်​အ​ဘ ရှေ​မ၊ ရှေ​မ​အ​ဘ နော​ဧ၊ နော​ဧ​အ​ဘ လာ​မက်၊-

ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။-

ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။-

အ​သား​ရှိ​သ​မျှ​တို့​သည် တစ်​မျိုး​တည်း​မ​ဟုတ်။ လူ​သား​တစ်​မျိုး၊ အ​မဲ​သား​တစ်​မျိုး၊ ငါး​သား​တစ်​မျိုး၊ ငှက်​သား​တစ်​မျိုး၊ အ​သီး​အ​သီး​ရှိ​ကြ၏။-

ငါ​တို့​သည် မြေ​သား၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်​သ​ကဲ့​သို့၊ ကောင်း​ကင်​သား၏​ပုံ​သ​ဏ္ဌာန်​ကို ဆောင်​ကြ​လိမ့်​မည်။

ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ