ကမ္ဘာဦး 5:2Judson Bibleလူယောက်ျား၊ လူမိန်းမကိုဖန်ဆင်း၍၊ ကောင်းချီးပေးတော်မူ၏။ ဖန်ဆင်းသောနေ့၌လည်း သူတို့ကို အာဒံအမည်ဖြင့် မှည့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အချင်းတို့၊ များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏။
တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။