Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 5:5

Judson Bible

အာ​ဒံ​သည် အ​သက်​နှစ်​ပေါင်း ကိုး​ရာ​သုံး​ဆယ်​စေ့​သော် သေ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဧ​နုတ်​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​ငါး​နှစ်​စေ့​သော် သေ​လေ၏။

ရှေ​သ​ကို ဖွား​မြင်​သော​နောက် အာ​ဒံ​သည် အ​နှစ်​ရှစ်​ရာ​အ​သက်​ရှင်၍၊ သား​သ​မီး​များ​ကို​မြင်​လေ၏။

ရှေ​သ​သည် အ​သက်​တစ်​ရာ​ငါး​နှစ်​ရှိ​သော်၊ သား​ဧ​နုတ်​ကို မြင်​လေ​၏။

ရှေ​သ​သည် အ​သက်​နှစ်​ပေါင်း​ကိုး​ရာ​တစ်​ဆယ်​နှစ်​နှစ်​စေ့​သော် သေ​လေ၏။

ငါ​တို့​သည် သေ​အံ့​သော​သူ ဖြစ်​ကြ၏။ မြေ​ပေါ်​မှာ​သွန်​ပြီး​လျှင် နောက်​တစ်​ဖန်​ကျုံး၍ မ​ယူ​နိုင်​သော​ရေ​နှင့် တူ​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မ​ထောက်​သော်​လည်း၊ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် အ​စဉ်​နှင်​ထုတ်​ခြင်း​ကို​ခံ၍ မ​နေ​ရ​မည်​အ​ကြောင်း ကြံ​စည်​တော်​မူ၏။

အာ​ဒံ၊ ရှေ​သ၊ ဧ​နုတ်၊

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။

အ​သက်​ရှင်​သော​သူ​သည် မိ​မိ​သေ​ရ​မည်​ကို​သိ၏။ သေ​သော​သူ​မူ​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ အ​ကျိုး​အ​ပြစ်​ကို​လည်း မ​ခံ​ရ။ သူ့​ကို​လည်း မေ့​လျော့​တတ်​ကြ၏။

သင့်​အ​ဝတ်​လည်း၊ အ​စဉ် ဖြူ​စင်​ပါ​လေ​စေ။ သင့်​ခေါင်း​သည်​လည်း နံ့​သာ​ဆီ မ​ခန်း​မ​ခြောက်​စေ​နှင့်။

ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။

သို့​ဖြစ်၍၊ သင်​နှင့် သင့်​အ​မျိုး​အ​နွယ်​သည် အ​သက်​ရှင်​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ စ​ကား​တော်​ကို နား​ထောင်​သ​ဖြင့်၊ အ​သက်​ရှင်​ခြင်း​အ​ကျိုး၊ အ​သက်​တာ​ရှည်​ခြင်း​အ​ကျိုး​ကို ပေး​တော်​မူ​သော ကိုယ်​တော်​ကို ဆည်း​ကပ်​မှီ​ဝဲ​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ နေ​မည်​အ​ကြောင်း​နှင့် ယှဉ်​သော​အ​သက်​တ​ရား​ကို ရွေး​ယူ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​အား ဟော​ပြော၏။

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ