Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 2:4

Judson Bible

ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။

အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။

ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။

ရေ​လွှမ်း​မိုး​သော​နောက်၊ နော​ဧ​သား ရှေ​မ၊ ဟာ​မ၊ ယာ​ဖက်​တို့​မှ​ဆင်း​သက်​သော သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။

ရှေ​မ၏​သား​စဉ်​မြေး​ဆက်​ဟူ​မူ​ကား၊ ရှေ​မ​သည် အ​သက်​တစ်​ရာ​ရှိ၍၊ ရေ​လွှမ်း​မိုး​သော​နောက်​နှစ်​နှစ်​ကြာ​သော်၊ သား​အာ​ဖာ​ဇဒ်​ကို မြင်​လေ၏။

ထို​သ​တ္တ​မ​နေ့​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍ သန့်​ရှင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပြီး​စီး​သော​ကြောင့်၊ ထို​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။

စာ​ရာ၏​ကျွန်​မ၊ အဲ​ဂု​တ္တု​အ​မျိုး​သား​ဟာ​ဂ​ရ​ဖွား​မြင်​သော အာ​ဗြ​ဟံ​သား ဣ​ရှ​မေ​လ၏​သား​စဉ်​မြေး​ဆက်​တည်း​ဟူ​သော၊

အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။

ဧ​ဒုံ​အ​မည်​ရှိ​သော ဧ​သော​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ဟူ​မူ​ကား၊

စိ​ရ​တောင်​ပေါ်​မှာ ဧ​ဒုံ​အ​မျိုး​သား​တို့၏​အ​ဘ ဧ​သော၏​သား​စဉ်​မြေး​ဆက်​တို့​ကို ဆို​ပေ​အံ့။

အာ​ဒံ၏​သား​စဉ်​မြေး​ဆက် စာ​ရင်း​ဟူ​မူ​ကား၊ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​ကာ​လ၌၊ မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ၏။

လူ​အ​ပေါင်း​တို့​သည် မြင်​လျှင် ပျပ်​ဝပ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏​ဟု ဝန်​ခံ​ကြ၏။

ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​အ​မျိုး​သား​နေ​ရာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​အောင် ခွန်​အား​တန်​ခိုး ကြီး​တော်​မူ​သည် မ​ဟုတ်​လော။

မိုး​ရေ၏​အ​ဘ​ကား အ​ဘယ်​သူ​နည်း။ နှင်း​ပေါက်​တို့​ကို အ​ဘယ်​သူ ဖြစ်​ပွား​စေ​သ​နည်း။

မြေ​ကြီး​အ​မြစ်​ကို ငါ​တည်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ နား​လည်​လျှင် ဖော်​ပြ​လော့။

ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​ရှိ​သ​နည်း။ ငါ​တို့ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​မည်​သော​ကျောက် ရှိ​သ​နည်း။

ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော နာ​မ​တော်​ရှိ​တော်​မူ၏။

လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။

ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-

အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။-

ကောင်း​ကင်​တ​မန်​က​လည်း၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော အ​ရှင်၊ ကိုယ်​တော်​သည် ဤ​သို့ တ​ရား​စီ​ရင်​တော်​မူ​သည် အ​မှု​မှာ ဖြောင့်​မတ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ