Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 2:3

Judson Bible

ထို​သ​တ္တ​မ​နေ့​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍ သန့်​ရှင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပြီး​စီး​သော​ကြောင့်၊ ထို​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

သ​တ္တ​မ​နေ့​ရက်​ရောက်​လျှင်၊ ဘု​ရား​သ​ခင်​သည် ဖန်​ဆင်း​သော​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ခဲ့​ပြီး​သည်​ဖြစ်၍၊ ဖန်​ဆင်း​သ​မျှ​သော အ​မူ​အ​ရာ​တို့​သည် ပြီး​စီး​ပြီး​မှ၊ ထို​သ​တ္တ​မ​နေ့​၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ​၏။

ဤ​အ​ကြောင်း​အ​ရာ​ကား၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော​နေ့၊ ဖန်​ဆင်း​ရာ​ကာ​လ၌ ကောင်း​ကင်​နှင့် မြေ​ကြီး​၏ မူ​လ​အ​တ္ထု​ပ္ပ​တ္တိ​ပေ​တည်း။

သန့်​ရှင်း​သော ဥ​ပုသ်​နေ့​ရက်​တော်​ကို ဖော်​ပြ၍၊ ကိုယ်​တော်​ကျွန် မော​ရှေ​အား​ဖြင့် နည်း​နာ​ဥ​ပ​ဒေ​သ ပ​ညတ်​တ​ရား​တို့​ကို​လည်း ထား​တော်​မူ၏။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ သို့​ပြု​လျှင် သင်၏​နွား​မြည်း​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်၏ ငယ်​သား​များ၊ ဧည့်​သည်​များ​တို့​လည်း သက်​သာ​ရ​ကြ​လိမ့်​မည်။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။

ထို​မှ​တစ်​ပါး၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သန့်​ရှင်း​စေ​သည်​ဟု သူ​တို့​သည် သိ​မည်​အ​ကြောင်း၊ ငါ​နှင့် သူ​တို့​စပ်​ကြား​မှာ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ငါ​ခန့်​ထား၏။

ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​သော​ဥ​ပုသ်​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု​ရ​သော​နေ့ ဖြစ်၏။ ထို​နေ့၌ သင်​တို့​သည် အ​လုပ်​မ​လုပ်​ရ​ကြ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ ထာ​ဝ​ရ​ဘု​ရား၏ ဥ​ပုသ်​နေ့​ဖြစ်၏။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​သည် လူ​အ​ဖို့​ဖြစ်၏။ လူ​သည် ဥ​ပုသ်​နေ့​အ​ဖို့ ဖြစ်​သည်​မ​ဟုတ်။-

ထို​နောက်​မှ ပြန်​သွား​ပြီး​လျှင် ဆီ​မွှေး​နှင့်​နံ့​သာ​မျိုး​ကို ပြင်​ဆင်၍ ပ​ညတ်​တော်​အ​တိုင်း ဥ​ပုသ်​နေ့၌ အ​လုပ်​မ​လုပ်​ဘဲ နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ