Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကမ္ဘာ​ဦး 2:5

Judson Bible

မြေ​၌ လယ်​ယာ​ပျိုး​ပင်​မ​ပေါက်​မီ၊ လယ်​ယာ​၌​စ​ပါး​ပင်​မ​ကြီး​ပွား​မီ၊ အ​ပင်​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ပေါ်​၌ မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး။ မြေ၌​လုပ်​သော​လူ​လည်း မ​ရှိ​သေး​သည်​ဖြစ်​၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မြေ​မှ​အ​ခိုး​အ​ငွေ့​ထွက်​သ​ဖြင့် မြေ​တစ်​ပြင်​လုံး​ကို စို​စေ​လေ​၏။

လူ​သည် မိ​မိ​ထွက်​သော​မြေ၌​လုပ်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က လွှတ်​လိုက်​တော်​မူ၏။

ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

တစ်​ဖန် သူ့​ညီ​အာ​ဗေ​လ​ကို ဖွား​မြင်​လေ၏။ အာ​ဗေ​လ​ကား သိုး​ထိန်း​ဖြစ်၏။ ကာ​ဣ​န​ကား လယ်​လုပ်​သော​သူ​ဖြစ်​၏။

မြေ​ပေါ်​မှာ မိုး​ရွာ​စေ​သ​ဖြင့် လယ်​တို့၌ ရေ​ကို​ပေး​တော်​မူ၏။

တိ​ရ​စ္ဆာန်​ဖို့ မြက်​ပင်​ကို​လည်း​ကောင်း၊ လူ​သုံး​ဖို့ စ​ပါး​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ထဲ​က မုန့်​ကို​ထုတ်​ဖော်​တော်​မူ၏။

မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​တော်​အား​ဖြင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​ပြီ။ ပ​ညာ​တော်​အား​ဖြင့် လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ကြက်​တော်​မူ​ပြီ။

အ​သံ​တော်​ကို​လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ​အ​သံ​ဗ​လံ ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း၊ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။

သာ​သ​နာ​ပ​လူ​တို့ ကိုး​ကွယ်​သော ရုပ်​တု​ဆင်း​တု​တို့​တွင်၊ မိုး​ရွာ​စေ​နိုင်​သော​သူ​ရှိ​ပါ​သ​လော။ မိုး​သည် အ​လို​လို ရွာ​နိုင်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သာ​လျှင်​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို မျှော်​လင့်​လျက်​နေ​ပါ​မည်။ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-

ဥ​ပ​မာ​ကား၊ အ​ကြင်​မြေ​သည် မိ​မိ​အ​ပေါ်​သို့ အ​ဖန်​ဖန်​ကျ​သော မိုး​ရေ​ကို​သောက်၍၊ လုပ်​သော​သူ​သုံး​ဖို့ ဟင်း​သီး​ဟင်း​ရွက်​ကို ဖြစ်​စေ​တတ်၏။ ထို​မြေ​သည် ဘု​ရား​သ​ခင်၏ ကောင်း​ကြီး​မင်္ဂ​လာ​ကို ခံ​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ