Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:26

Common Language Bible

ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​အား​လူ​လွှတ် ၍​ဖိတ်​ခေါ်​ကြ​၏။ ထို​အ​ခါ​ဟေ​ဇ​ကိ​၏​နန်း​တွင်း အ​ရာ​ရှိ​သုံး​ဦး​တို့​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​ရန် ထွက်​လာ​ကြ​၏။ သူ​တို့​ကား​ဟိ​လ​ခိ​၏​သား​နန်း တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န နှင့် အာ​သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-

ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​ကူ​အ​ညီ​မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သည်​ဟု သင် တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ပြည်​ကို​တိုက် ခိုက်​ဖျက်​ဆီး​ရန် ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​ငါ့​အား​စေ​ခိုင်း​တော်​မူ​၏'' ဟု​ဆို​၏။

ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။

ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။

တစ်​ဖန်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌​ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မင်း​ကြီး​ထံ​သို့​လျှောက်​လွှာ​တင်​သွင်း​ကြ​၏။ ထို​လျှောက်​လွှာ​ကို​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ရေး​သား​ပြန်​ဆို​ကာ​ဖတ်​ပြ​ရန်​ပင်​ဖြစ်​သည်။

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို နန်း​တော်​အုပ်​ချုပ်​ရေး​မှူး​ရှေ​ဗ​န​၏​အိမ်​သို့ သွား​၍​သူ့​အား၊-

ထို​သူ​တို့​က​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ​ကျော်​ရှည် ပါ​စေ။ အ​ရှင်​၏​အိပ်​မက်​ကို​မိန့်​ကြား​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​အ​နက်​ဖွင့်​ပြ​ပါ​မည်'' ဟု​လျှောက်​ထား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ