Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:25

Common Language Bible

ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​ကူ​အ​ညီ​မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သည်​ဟု သင် တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ပြည်​ကို​တိုက် ခိုက်​ဖျက်​ဆီး​ရန် ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​ငါ့​အား​စေ​ခိုင်း​တော်​မူ​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဗေ​သ​လ​မြို့​သား​ပ​ရော​ဖက်​အို​ကြီး က``ငါ​သည်​လည်း​သင်​ကဲ့​သို့​ပင်​ပ​ရော​ဖက်​ဖြစ် ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ကောင်း​ကင်​တမန်​တစ်​ပါး​က​သင့်​ကို​အိမ်​သို့ ဖိတ်​ခေါ်​၍​ဧည့်​ဝတ်​ပြု​ရန် ငါ့​အား​မှာ​ကြား ထား​ပါ​သည်'' ဟု​ဆို​၏။ ယင်း​သို့​ထို​ပ​ရော​ဖက် ကြီး​က​မု​သား​သုံး​၍​ပြော​ဆို​သ​ဖြင့်၊

သင်​တို့​သည်​အာ​ရှု​ရိ​တပ်​မ​တော်​တွင်​အ​ငယ်​ဆုံး သော​ဗိုလ်​ကို​ပင်​ယှဉ်​ပြိုင်​နိုင်​မှု​မရှိ​ဘဲ အီ​ဂျစ်​အမျိုး သား​တို့​ထံ​မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ အ​ညီ​များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-

ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​ပြု​ခဲ့​သည့် ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့် အ​ထူး​သ​ဖြင့် အ​ပြစ်​မဲ့​သူ​တို့​ကို​သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ် ကြောင့် ယု​ဒ​ပြည်​သူ​တို့​အား​မျက်​မှောက်​တော် မှ​နှင်​ထုတ်​တော်​မူ​လို​သ​ဖြင့် ဤ​သို့​စီ​ရင် တော်​မူ​ခြင်း​ဖြစ်​သ​တည်း။ ထို​ပြစ်​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​မ​နာ​ရှေ​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မ​မူ​နိုင်။

နေ​ခေါ​က``အို ယု​ဒ​မင်း၊ ယ​ခု​ကျွန်ုပ်​တိုက်​သည့် စစ်​ပွဲ​သည်​အ​ဆွေ​တော်​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​အား​တိုက်​ခိုက်​ရန် လာ​သည်​မ​ဟုတ်။ ကျွန်ုပ်​၏​ရန်​သူ​များ​ကို​တိုက် ခိုက်​ရန်​သာ​လာ​ရောက်​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​က​ဆော​လျင်​စွာ​တိုက်​ခိုက်​ရန်​ကျွန်ုပ် အား​မိန့်​တော်​မူ​ပါ​၏။ ကျွန်ုပ်​၏​ဘက်​၌​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင် ဘက်​မ​ပြု​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင်​ဘု​ရား​သ​ခင်​သည်​အ​ဆွေ​တော်​ကို​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ယော​ရှိ ထံ​သို့​စေ​တ​မန်​လွှတ်​၍​မှာ​လိုက်​၏။-

မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ