Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 18:27

Common Language Bible

ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-

ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။

ထို​နောက်​သူ​သည်​ထ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။

သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။ မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။

ထို​သူ​က​ဘု​ရင်​ဧ​က​ရာဇ်​သည်​သင်​တို့​ဘု​ရင် အား​သာ​လျှင် ဤ​စ​ကား​များ​ကို​ပြော​ကြား ရန် ငါ့​အား​စေ​လွှတ်​တော်​မူ​ထိုက်​သည်​ဟု​ထင် မှတ်​ကြ​ပါ​သ​လော။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင် ထိုင်​နေ​ကြ​သူ​တို့​အား​လည်း​ပြော​ကြား​ပါ ၏။ သူ​တို့​သည်​လည်း​သင်​တို့​နည်း​တူ​မိ​မိ တို့​၏​မ​စင်​ကို​ပြန်​၍​စား​ပြီး​လျှင် မိ​မိ တို့​ကျင်​ငယ်​ရေ​ကို​ပြန်​၍​သောက်​ရ​ကြ လိမ့်​မည်'' ဟု​ပြန်​ပြော​၏။

သူ​တို့​သည်​မိ​မိ​တို့​၏​နို့​စို့​က​လေး​များ​အား အ​စာ​ငတ်​ရေ​ငတ်​ထား​၍​သေ​စေ​ကြ​၏။ က​လေး​သူ​ငယ်​တို့​သည်​အ​စား​အ​စာ တောင်း​ခံ​လျက်​နေ​သော်​လည်း သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ပေး​ကြ။

အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​သောက်​ဖွယ်​များ​ကို စား​သောက်​လေ့​ရှိ​သူ​တို့​သည်​လမ်း​များ​ပေါ် တွင် အ​စာ​ငတ်​၍​သေ​ကြ​ကုန်​၏။ ဇိမ်​ခံ​၍​ကြီး​ပြင်း​လာ​ကြ​သူ​တို့​သည်​လည်း အ​မှိုက်​ပုံ​ကို​လက်​နှင့်​ယက်​၍​အ​စာ​ရှာ​ရ ကြ​၏။

ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ အမျိုး​သား​တို့​အား တစ်​ပါး​နိုင်​ငံ​များ​သို့ ပြန့်​လွင့်​စေ​သော​အ​ခါ သူ​တို့​သည်​ပ​ညတ် တ​ရား​က​တား​မြစ်​ထား​သည့် မ​သန့်​စင် သော​အ​စား​အ​စာ​များ​ကို​ဤ​သို့​စား​ရ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ