၄ ရာ 17:9Common Language Bibleဣသရေလအမျိုးသားတို့သည် မိမိတို့၏ ဘုရားသခင်ထာဝရဘုရားမနှစ်သက် သည့်အမှုတို့ကိုပြုကြ၏။ သူတို့သည်မိမိ တို့၏အငယ်ဆုံးသောရွာများမှအကြီး ဆုံးသောမြို့များတိုင်အောင် ရှိရှိသမျှသော မြို့ရွာတို့တွင်ရုပ်တုကိုးကွယ်ဝတ်ပြုရာ ဌာနများကိုတည်ဆောက်လျက်၊- အခန်းကိုကြည့်ပါ။ |
မိမိတို့၏အကြံအစည်များကိုထာဝရ ဘုရားထံတော်မှ ဖုံးကွယ်ထားရန်ကြိုးစား သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည် မိမိတို့၏စီမံကိန်းများကိုလျှို့ဝှက်၍ အကောင်အထည်ဖော်ကာမိမိတို့အား အဘယ်သူမျှမြင်လိမ့်မည်မဟုတ်။ မိမိ တို့ပြုသောအမှုတို့ကိုလည်းအဘယ်သူ မျှသိလိမ့်မည်မဟုတ်ဟုထင်မှတ်တတ် ကြ၏။-
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။