Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၄ ရာ 17:8

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-

သူ​သည်​အာ​မော​ရိ​ပြည်​သား​တို့​ပြု​သည့်​အ​တိုင်း ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့် အ​လွန်​ရှက်​ကြောက်​ဖွယ်​ကောင်း​သည့်​အ​ပြစ်​များ ကို​ပြု​လေ​သည်။ အာ​မော​ရိ​ပြည်​သူ​တို့​ကား ခါ​နာန်​ပြည်​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဝင်​ရောက်​လာ​ချိန်​၌ ထာ​ဝရ​ဘု​ရား​နှင်​ထုတ် တော်​မူ​သော​သူ​များ​ဖြစ်​သ​တည်း။)

အာ​ခတ်​မင်း​သည်​ဧ​က​ရာဇ်​ဘု​ရင်​တိ​ဂ​လတ် ပိ​လေ​သာ​ကို​တွေ့​ဆုံ​ရန် ဒ​မာ​သက်​မြို့​သို့​သွား သော​အ​ခါ ထို​မြို့​တွင်​ရှိ​သော​ယဇ်​ပလ္လင်​ကို​မြင် သ​ဖြင့် ထို​ယဇ်​ပလ္လင်​၏​ပုံ​တူ​တစ်​ခု​ကို​စေ့​စပ် သေ​ချာ​စွာ​ပြု​လုပ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ် ဥ​ရိ​ယ​ထံ​သို့​ပေး​ပို့​လိုက်​၏။-

ဣ​သ​ရေ​လ​မင်း​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို​အ​တု​ခိုး​ကာ မိ​မိ ၏​သား​တော်​ကို​ပင်​လျှင်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ အ​ဖြစ်​ရုပ်​တု​တို့​အား​ပူ​ဇော်​လေ​သည်။-

သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​ပင်​လျှင်​မိ​မိ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော် တို့​ကို​မ​စောင့်​ထိန်း​ကြ။ သူ​တို့​သည်​ဣ​သ​ရေ​လ ပြည်​သူ​တို့​ခံ​ယူ​ကျင့်​သုံး​ခဲ့​သည့်​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​အ​တု​ခိုး​ကြ​၏။-

သို့​ရာ​တွင်​သူ​တို့​သည်​နား​မ​ထောင်​ဘဲ မိ​မိ တို့​ဋ္ဌ​လေ့​ထုံး​စံ​ဟောင်း​များ​ကို​သာ​ဆက်​လက် ကျင့်​သုံး​ကြ​လေ​သည်။

မ​နာ​ရှေ​သည်​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​ဋ္ဌ​လေ့ များ​ကို​ကျင့်​သုံး​၍​ကိုယ်​တော်​အား​ပြစ်​မှား ၏။-

ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။

သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-

ကိုယ်​တော်​က``သင်​တို့​သည်​လူ​မျိုး​ခြား​တို့​၏ ကျင့်​စဉ်​ကို​မ​လိုက်​မ​လျှောက်​ကြ​နှင့်။ မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သည့်​နိ​မိတ်​လက္ခ​ဏာ များ အ​တွက်​လူ​မျိုး​တ​ကာ​တို့​သည် ထိတ်​လန့်​ကြ​စေ​ကာ​မူ၊သင်​တို့​မ​ထိတ်​မ​လန့် ကြ​နှင့်။

သို့​ရာ​တွင်​ထို​မြို့​သူ​မြို့​သား​တို့​သည်​ငါ ၏​အ​မိန့်​များ​ကို​လွန်​ဆန်​လျက် အ​ခြား နိုင်​ငံ​သား​များ​ထက်​ပို​၍​ယုတ်​မာ​ကြ​ပြီ။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​တိုင်း​ပြည်​များ မှ​လူ​တို့​ထက်​ပင်​ပို​၍ ငါ​၏​ပ​ညတ်​တို့​ကို ပယ်​ကြ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည်​ငါ​၏​အ​မိန့်​များ​ကို​ပစ်​ပယ်​လျက် ငါ​၏​ပ​ညတ်​တော်​များ​ကို​လည်း​မ​စောင့် ထိန်း​ကြ။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ညှင်း​ဆဲ နှိပ်​စက်​ခြင်း​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည် အ​ကူ​အ​ညီ​မ​ပေး​နိုင်​သူ​ရုပ်​တု​တို့​ထံ မှ အ​ကူ​အညီ​တောင်း​ခံ​ရန်​ဆန္ဒ​ပြင်း​ပြ နေ​သည်။-

သင်​တို့​နေ​ထိုင်​ခဲ့​ဖူး​သော​အီ​ဂျစ်​ပြည်​ရှိ လူ တို့​၏​အ​လေ့​အ​ကျင့်​များ​ကို​သော်​လည်း​ကောင်း၊ သင်​တို့​အား​ငါ​ယ​ခု​ပို့​ဆောင်​နေ​ထိုင်​စေ​မည့် ခါ​နာန်​ပြည်​ရှိ​လူ​တို့​၏​အ​လေ့​အ​ကျင့်​များ ကို​သော်​လည်း​ကောင်း​မ​ကျင့်​ကြ​နှင့်။-

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-

သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ