၄ ရာ 17:10Common Language Bibleတောင်ကုန်းရှိသမျှတို့တွင်လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့၏အောက်တွင် လည်းကောင်း၊ ကျောက်တိုင်များနှင့်အာရှရဘုရား မ၏တံခွန်တိုင်များကိုထားရှိကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်သူတို့သည်ခါနာန်ပြည်မှထာဝရ ဘုရားနှင်ထုတ်တော်မူလိုက်သည့် လူမျိုးများ ၏ဋ္ဌလေ့ထုံးစံများကိုယူကာ ရုပ်တုများ ကိုပူဇော်ရာယဇ်ပလ္လင်များပေါ်တွင်နံ့သာ ပေါင်းကိုမီးရှို့ကြ၏။ သူတို့သည်မိမိတို့ ၏အကျင့်ဆိုးများဖြင့် ထာဝရဘုရား၏ အမျက်တော်ကိုလှုံ့ဆော်ပေးကြ၏။-
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-