Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 15:19

Common Language Bible

အာ​သ​သည်​သူ​၏​ထံ​သို့``အ​ကျွန်ုပ်​တို့​သည်​ကျွန်ုပ် တို့​၏​ခ​မည်း​တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​များ​မှာ​အ​ဆွေ​တော်​အ​တွက် လက်​ဆောင်​ဖြစ်​ပါ​၏။ ဗာ​ရှာ​မင်း​သည်​မိမိ​၏​စစ်​တပ် များ​ကို​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား​စေ​ရန် အ​ဆွေ​တော်​သည်​သူ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​မှု​ကို​ဖျက် သိမ်း​ပစ်​ပါ​လော့'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

(ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-)

ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက်​လုံး​၌​စစ် ဖြစ်​လျက်​နေ​ကြ​လေ​သည်။-

ဟေ​ဇ​ကိ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​၌ ရှိ​သ​မျှ​သော​ငွေ​ကို​လည်း​ကောင်း၊-

``အ​ကျွန်ုပ်​တို့​သည်​အ​ကျွန်ုပ်​တို့​၏​ခ​မည်း တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ​ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​မှာ​အ​ဆွေ​တော်​အ​တွက်​လက် ဆောင်​ဖြစ်​ပါ​၏။ ဗာရှာ​မင်း​သည်​မိ​မိ​စစ်​တပ် များ​ကို အ​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား စေ​ရန်​အ​ဆွေ​တော်​သည် သူ​နှင့်​ဖွဲ့​သော​မ​ဟာ မိတ်​ကို​ဖျက်​သိမ်း​၍​ကူ​ညီ​ပါ​လော့'' ဟု မှာ​လိုက်​၏။

ထို​အ​ချိန်​၌​ပ​ရော​ဖက်​ဟာ​နန်​သည်​အာ​သ မင်း​ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​မိ​မိ​၏ ဘု​ရား​သ​ခင်​ကို​အား​ကိုး​မည့်​အ​စား​ရှု​ရိ မင်း​ကို​အား​ကိုး​သည်​ဖြစ်​၍​ဣ​သ​ရေ​လ ၏​တပ်​မ​တော်​သည်​ဘု​ရင်​မင်း​၏​လက်​မှ​လွတ် မြောက်​သွား​လေ​ပြီ။-

ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-

အီ​ဂျစ်​ပြည်​သို့​အ​ကူ​အ​ညီ​တောင်း​ခံ​ရန် သွား​ရောက်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့် မြင်း​စီး​သူ​ရဲ​များ​တည်း​ဟူ​သော​အီ​ဂျစ် ပြည်​၏​ကြီး​မား​သော​စစ်​အင်​အား​ကို​မှီ​ခို အား​ကိုး​၍​နေ​ကြ​၏။ သို့​ရာ​တွင်​မြင့်​မြတ် သန့်​ရှင်း​တော်​မူ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​မူ​အား​မ​ကိုး​ကြ။ ကူ​မ​တော်​မူ​ရန် ကိုယ်​တော်​ကို​လည်း​မ​တောင်း​မ​လျှောက် ကြ။-

သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။-

``အ​ကောင်း​ကို​ဖြစ်​ပွား​စေ​ရန်​အ​ဆိုး​ကို​ငါ တို့​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ရ​မည်​လော။ ဤ​ကဲ့ သို့​ပင်​ငါ​ပြော​ဆို​သည်​ဟူ​၍​လူ​အ​ချို့​က ပြစ်​တင်​စွပ်​စွဲ​ကာ​ငါ့​အား​စော်​ကား​ကြ​လေ ပြီ။ ထို​သူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​သည်​အ​တိုင်း​အ​မှန်​ပင်​ခံ​ရ​ကြ လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ