Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၃ ရာ 15:20

Common Language Bible

ဗင်္ဟာ​ဒဒ်​မင်း​သည် အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​၏​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣသ​ရေ​လ မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည် န​ဿ​လိ​နယ်​မြေ​တစ်​ခု​လုံး​အ​ပြင်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​နှင့်​ဂင်္နေ​သ​ရက် နယ်​တို့​ကို​သိမ်း​ဆည်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​၏​တူ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို​ကြား သိ​ရ​သော​အ​ခါ အာ​ဗြံ​သည်​သူ​၏​စ​ခန်း​မှ တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​သုံး​ရာ​တစ်​ဆယ့်​ရှစ် ယောက်​တို့​ကို​စု​ရုံး​ပြီး​လျှင် ဘု​ရင်​လေး​ပါး နောက်​သို့​ဒန်​မြို့​တိုင်​အောင်​လိုက်​လေ​၏။-

ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။-

ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မိ​မိ​၏​စစ်​သည်​တော် အ​ပေါင်း​ကို​စု​ရုံး​စေ​ပြီး​လျှင် အ​ခြား​မင်း သုံး​ကျိပ်​နှစ်​ပါး​ခြံ​ရံ​လျက်​သူ​တို့​၏​မြင်း တပ်၊ ရ​ထား​တပ်​များ​နှင့်​အ​တူ​ချီ​တက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​တော်​မူ​၏။-

ဗင်္ဟာ​ဒဒ်​က``အရှင့်​ခ​မည်း​တော်​၏​လက်​မှ​အ​ကျွန်ုပ် ၏​ခ​မည်း​တော်​သိမ်း​ယူ​ခဲ့​သော​မြို့​များ​ကို အ​ရှင့် အား​ပြန်​လည်​ပေး​အပ်​ပါ​မည်။ အ​ကျွန်ုပ်​၏​ခ​မည်း တော်​သည်​ရှ​မာ​ရိ​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ကို ထား​ရှိ​ခဲ့​သည့်​နည်း​တူ အ​ရှင်​သည်​လည်း​ဒ​မာ သက်​မြို့​တွင်​ကုန်​သွယ်​ရေး​ဌာ​န​ထား​ရှိ​နိုင်​ပါ သည်'' ဟု​ဆို​၏။ အာ​ဟပ်​က``ဤ​သ​ဘော​တူ​ညီ​ချက်​များ​အ​ရ သင်​၏​အ​သက်​ကို​ချမ်း​သာ​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​သူ​သည်​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ပြီး​လျှင် ဗင်္ဟာ​ဒဒ်​အား​သွား​ခွင့်​ပြု​တော် မူ​၏။

ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

မြောက်​ဘက်​တောင်​ကုန်း​ဒေ​သ၊ ဂါ​လိ​လဲ အိုင်​တောင်​ဘက်​ယော်​ဒန်​မြစ်​ဝှမ်း၊ တောင်​ခြေ ရပ်​နှင့်​အ​နောက်​ဘက်​ဒေါ​ရ​နယ်​ကမ်း​ခြေ ရှိ​မင်း​များ​ထံ​သို့​လည်း​ကောင်း​အ​ကြောင်း ကြား​လိုက်​လေ​သည်။-

ထို့​အ​ပြင်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​မှ ပင်​လယ်​သေ​အ​ရှေ့​ဘက်​ရှိ ဗက်​ယေ​ရှိ​မုတ် မြို့​တိုင်​အောင်​တည်​ရှိ​သော​ယော်​ဒန်​မြစ်​ဝှမ်း၊ ထို​မှ​တစ်​ဖန်​ပိ​သ​ဂါ​တောင်​ခြေ​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​လည်း​ပါ​ဝင်​သည်။

ဤ​မြို့​ကြီး​များ​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ သည် န​ဿ​လိ​အ​နွယ်​မိ​သား​စု​တို့​ပိုင်​သော နယ်​မြေ​အ​တွင်း​၌​တည်​ရှိ​သည်။

ယင်း​အ​မည်​လဲ​ရှ​မြို့​ကို​လည်း​ယာ​ကုပ် ၏​သား မိ​မိ​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ဒန်​ကို အ​စွဲ​ပြု​၍​ဒန်​မြို့​ဟု​ပြောင်း​လဲ​ခေါ်​ဝေါ် ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ