၃ ရာ 15:18Common Language Bibleထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။- အခန်းကိုကြည့်ပါ။ |
ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။