၂ ရာ 24:23Common Language Bibleထိုအရာအပေါင်းကိုမင်းကြီးအားဆက်ပါ ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရား သည်အရှင်၏ပူဇော်သကာကိုလက်ခံတော် မူပါစေသော'' ဟုလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-