Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 24:24

Common Language Bible

သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

``အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ဂူ​နှင့်​တ​ကွ​မြေ​ကွက်​တစ်​ခု​လုံး​ကို​ကျွန်ုပ်​ပေး​ပါ​၏။ အ​ရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ရန်​ကျွန်ုပ်​တို့​၏​အ​မျိုး​သား​တို့​ရှေ့​မှောက်​တွင်​ထို​မြေ​ကို​ကျွန်ုပ်​ပေး​ပါ​၏'' ဟု​ရှိ​သ​မျှ​သော​သူ​တို့​ကြား​နိုင်​အောင်​ပြော​ကြား​လေ​သည်။

အ​များ​ကြား​နိုင်​အောင်​ဧ​ဖ​ရုန်​အား``ငါ​တင်​ပြ​ချက်​ကို​လက်​ခံ​ပါ။ ထို​မြေ​တစ်​ကွက်​လုံး​ကို​ငါ​ဝယ်​ပါ​မည်။ မြေ​ဖိုး​ငွေ​ကို​လက်​ခံ​ပါ။ ငါ​၏​မယား​ကို​ထို​မြေ​၌​မြှုပ်​နှံ​ပါ​မည်'' ဟု​ပြန်​လည်​ပြော​ကြား​လေ​သည်။

အာ​ဗြ​ဟံ​သည်​သ​ဘော​တူ​၍​လူ​တို့​ရှေ့​တွင်​ဧ​ဖ​ရုန်​တန်​ဖိုး​ဖြတ်​သော​ငွေ​သား​လေး​ရာ​ကို​ကုန်​သည်​သုံး​စံ​ချိန်​အ​ရ​ချိန်​တွယ်​၍​ဧ​ဖ​ရုန်​အား​ပေး​လေ​၏။

စာ​တန်​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို ဒုက္ခ​ပေး​လို​သ​ဖြင့် ဒါ​ဝိဒ်​အား​သန်း​ခေါင် စာ​ရင်း​ကောက်​ယူ​ရန်​ဆုံး​ဖြတ်​စေ​၏။-

ထို့​ကြောင့်​ဒါ​ဝိဒ်​က``ဤ​အ​ရပ်​ကား​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တည် ဆောက်​ရ​မည့်​အ​ရပ်​ဖြစ်​၏။ ဤ​နေ​ရာ​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ရန်​နေ​ရာ​ဖြစ်​၏'' ဟု​ဆို​၏။

အ​ဘယ်​သူ​ကို​မျှ​လက်​စား​မ​ချေ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​တွင်​တင့်​တယ်​လျောက်​ပတ် စွာ​ပြု​ကျင့်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ