Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 24:22

Common Language Bible

အ​ရော​န​က``အ​ရှင်​မင်း​ကြီး​ဤ​ကောက်​နယ် တလင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​တော်​ရှိ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​တော်​မူ​ပါ။ ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​မှာ ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ထမ်း​ပိုး များ​နှင့်​ကောက်​နယ်​တန်​ဆာ​များ​လည်း​ဤ မှာ​ရှိ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

``အ​စီ​ရင်​ခံ​ပါ​ရ​စေ။ ဂူ​နှင့်​တ​ကွ​မြေ​ကွက်​တစ်​ခု​လုံး​ကို​ကျွန်ုပ်​ပေး​ပါ​၏။ အ​ရှင်​၏​မယား​ကို​သင်္ဂြိုဟ်​ရန်​ကျွန်ုပ်​တို့​၏​အ​မျိုး​သား​တို့​ရှေ့​မှောက်​တွင်​ထို​မြေ​ကို​ကျွန်ုပ်​ပေး​ပါ​၏'' ဟု​ရှိ​သ​မျှ​သော​သူ​တို့​ကြား​နိုင်​အောင်​ပြော​ကြား​လေ​သည်။

ထို​အ​ခါ​ဧ​လိ​ရှဲ​သည် မိ​မိ​၏​နွား​နှစ်​ကောင်​ကို သတ်​ပြီး​လျှင် နွား​ထမ်း​ပိုး​ကို​ထင်း​လုပ်​၍​ချက်​၏။ ထို​နောက်​အ​မဲ​သား​ဟင်း​ကို​လူ​တို့​အား​ကျွေး မွေး​ပြီး​လျှင် ဧ​လိ​ယ​၏​နောက်​သို့​တ​ပည့် အ​ဖြစ်​လိုက်​သွား​လေ​သည်။

ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။

ဤ​တောင်​ပူ​စာ​ထိပ်​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​တွက် ယဇ်​ပလ္လင်​ကို​အ​ခိုင် အ​မာ​တည်​ဆောက်​လော့။ ထို​နောက်​ဒု​တိ​ယ​နွား ထီး​ကို​ယူ​ပြီး​လျှင်​သင်​ခုတ်​လှဲ​ထား​သည့် အာ ရှ​ရ​နတ်​သ​မီး​၏​အ​မှတ်​လက္ခ​ဏာ​ကို​ထင်း အ​ဖြစ်​အ​သုံး​ပြု​၍​မီး​ရှို့​ပူ​ဇော်​လော့'' ဟု မိန့်​တော်​မူ​၏။-

လှည်း​သည်​ဗက်​ရှေ​မက်​မြို့​သား​ယော​ရှု​၏ လယ်​သို့​ရောက်​သော​အ​ခါ ကျောက်​တုံး​ကြီး အ​နီး​တွင်​ရပ်​တန့်​လေ​သည်။ လူ​တို့​သည်​လှည်း ကို​ခုတ်​ဖြတ်​၍​နွား​မ​တို့​ကို​သတ်​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ