Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 23:17

Common Language Bible

``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​အ​ဘယ် နည်း​နှင့်​မျှ​ဤ​ရေ​ကို​မ​သောက်​နိုင်​ပါ။ အ​သက် စွန့်​၍​ရေ​ခပ်​ကြ​သူ​တို့​၏​သွေး​ကို​သောက် သည်​နှင့်​တူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ​ကောင်း​သုံး​ဦး တို့​၏​စွန့်​စား​ခန်း​များ​ပင်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​က``ထို​သို့​ငါ​မ​ပြု​လုပ်​နိုင်။ ဖ​လား နှင့်​တွေ့​ရ​သူ​ကို​သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ မည်။ ကျန်​သော​သူ​တို့​သည်​သင်​တို့​၏​အဖ​ထံ သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​သွား​ကြ​လော့''ဟု ဆို​လေ​၏။

သင်​တို့​မ​စား​ရ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​အ​ရာ​ကား​သွေး​ပါ​ရှိ​သည့်​အ​သား​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သွေး​၌​အ​သက်​တည်​ရှိ​သော​ကြောင့်​ဖြစ်​သ​တည်း။-

ယွာ​ဘ​က``ထို​သို့​မ​ဟုတ်​ပါ။ ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ သင်​တို့​၏​မြို့​ကို​ဖျက်​ဆီး​မည် မ​ဟုတ်​ပါ။-

နာ​ဗုတ်​က``အ​ကျွန်ုပ်​သည်​ဤ​ဥ​ယျာဉ်​ကို ဘိုး​ဘေး​များ​ထံ​မှ​အ​မွေ​ရ​ရှိ​ထား​သ​ဖြင့် အ​ရှင့်​အား​ဆက်​သ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော'' ဟု​လျှောက်​၏။-

ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။

သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့် အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-

ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။-

ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-

အ​ဘယ်​ကြောင့်​ငါ​တို့​ကိုယ်​တိုင်​ပင်​ဘေး​အန္တ​ရာယ် နှင့်​နာ​ရီ​မ​လပ်​ရင်​ဆိုင်​လျက်​နေ​ရ​ကြ​သ​နည်း။-

သို့​ရာ​တွင်​ဇာ​ဗု​လုန်​နယ်​နှင့်​န​ဿ​လိ​နယ်​မှ လူ​တို့​သည်​ကား​စစ်​မြေ​ပြင်​တွင်၊ မိ​မိ​တို့​၏​အ​သက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ စွန့်​စား​ကြ​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-

ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သည့်​ဘု​ရင်​ကို ဘေး​အန္တ​ရာယ်​မ​ပြုမိ​စေ​ရန် ငါ့​အား​ကိုယ်​တော် ဆီး​တား​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​မင်း ကြီး​၏​လှံ​တော်​နှင့်​ရေ​ဘူး​တော်​တို့​ကို​ယူ​၍ သွား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ