၂ ရာ 23:18Common Language Bibleယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။
အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-