Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ 23:16

Common Language Bible

နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။-

သူ​ရဲ​ကောင်း​သုံး​ဦး​တို့​အ​နက်​ဒု​တိ​ယ​သူ​ရဲ ကောင်း​မှာ​အာ​ဟော​၏​သား​ချင်း​စု​ဝင်​ဒေါ​ဒေါ ၏​သား၊ ဧ​လာ​ဇာ​ဖြစ်​၏။ အ​ခါ​တစ်​ပါး​က ဧ​လာ​ဇာ​သည်​စစ်​ဆင်​ရန်​စု​ရုံး​လျက်​ရှိ​သော ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ဒါ​ဝိဒ်​နှင့်​တ​ကွ စိန်​ခေါ်​ခဲ့​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့ ဆုတ်​ခွာ​ကြ​သော်​လည်း၊-

ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။-

လူတယောက်သည် တယောက်ကိုနိုင်လျှင် ထိုလူကိုနှစ်ယောက် ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။

တစ်​ည​လုံး​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ထ​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​သင်​၏​စိတ်​နှ​လုံး​ကို သွန်​ချ​လျက်၊ သင်​၏​သား​သ​မီး​များ​အ​တွက် အ​သ​နား​ခံ​တောင်း​ပန်​လော့။ သင့်​သား​သ​မီး​များ​လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင် အ​စာ​ငတ်​၍​သေ​ရ​ကြ​လေ​ပြီ။

ပ​ထ​မ​သိုး​က​လေး​နှင့်​အ​တူ​ယဇ်​ပလ္လင်​တွင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လောင်း​၍​စ​ပျစ်​ရည် သကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။-

သို့​သော်​ငါ့​အ​တွက်​သတ်​မှတ်​ထား​သည့်​အ​လုပ် တာ​ဝန်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​ပေး​အပ် တော်​မူ​သည့်​အ​မှု​တော်​ကို​လည်း​ကောင်း၊ ပြီး​ဆုံး အောင်​ဆောင်​ရွက်​နိုင်​မှု​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ် သ​ဖြင့် ငါ​သည်​မိ​မိ​၏​အ​သက်​ကို​နှ​မြော ခြင်း​မ​ရှိ။ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သည့် အ​မှု​တော်​ကား ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ကြေ​ညာ ရန်​ပင်​ဖြစ်​သ​တည်း။''

ဖြောင့်​မတ်​သူ​တစ်​ယောက်​အ​တွက်​အသေ​ခံ​မည့် သူ​ရှိ​ရန်​ခဲ​ယဉ်း​၏။ သူ​တော်​ကောင်း​တစ်​ယောက် အ​တွက်​အ​သေ​ခံ​ဝံ့​သူ​ရှိ​ကောင်း​ရှိ​မည်။-

တစ်​ယောက်​သော​သူ​သည်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​သေ​ခံ​သ​ဖြင့် လူ​အ​ပေါင်း​တို့ သည်​ထို​သူ​နှင့်​အ​တူ​အ​သေ​ခံ​ကြ​ကြောင်း ကို​ငါ​တို့​ယ​ခု​သိ​ကြ​ပြီ​ဖြစ်​၍ ငါ​တို့​ကို ခ​ရစ်​တော်​၏​မေတ္တာ​တော်​သည်​အုပ်​စိုး​လေ ပြီ။-

သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-

သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။

သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ