Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 26:27

Common Language Bible

သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။

အ​လုပ်​သ​မား​ခ​များ​ပေး​ရန်​နှင့်​မွမ်း​မံ ပြင်​ဆင်​မှု​ဆိုင်​ရာ​ပစ္စည်း​များ​ဝယ်​ယူ​ရန် အ​တွက်​သာ ထို​ငွေ​ကို​အ​သုံး​ပြု​ကြ​၏။-

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၊ ရှော​လု​မင်း၊ နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​တို့​ယူ ဆောင်​လာ​သော လှူ​ဖွယ်​ပစ္စည်း​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​တွင် အ​သုံး​ပြု​ရန်​ဆက်​ကပ်​လေ သ​မျှ​သော​အ​ရာ​တို့​ကို​တာ​ဝန်​ယူ​၍​ထိန်း သိမ်း​ရ​ကြ​၏။

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။

ရွှေ၊ ငွေ၊ ကြေး​နီ၊ သံ​တို့​ဖြင့်​ပြု​လုပ်​ထား​သော ဝတ္ထု​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​ကား ထာ​ဝ​ရ​ဘု​ရား အ​တွက်​သီး​သန့်​သတ်​မှတ်​ထား​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​သွင်း​ထား​ရ မည်'' ဟု​မိန့်​ဆို​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ