၁ ရာချုပ် 26:28Common Language Bibleရှေလောမိတ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် ပရောဖက်ရှမွေလ၊ ရှောလုမင်း၊ နေရ၏သား အာဗနာနှင့်ဇေရုယာ၏သားယွာဘတို့ယူ ဆောင်လာသော လှူဖွယ်ပစ္စည်းများအပါအဝင် ဗိမာန်တော်တွင် အသုံးပြုရန်ဆက်ကပ်လေ သမျှသောအရာတို့ကိုတာဝန်ယူ၍ထိန်း သိမ်းရကြ၏။ အခန်းကိုကြည့်ပါ။ |
ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)