Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 26:26

Common Language Bible

ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။

ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-

သူ​သည်​ဂေ​ရ​ရှုံ​၏​ညီ၊ ဧ​လျာ​ဇာ​နှင့်​ဆက်​စပ် ၍​ရှေ​လော​မိတ်​၏​ဆွေ​မျိုး​ဖြစ်​လာ​လေ​သည်။ ဧ​လျာ​ဇာ​၏​သား​သည်​ရေ​ဟ​ဗိ၊ ရေ​ဟ​ဗိ​၏ သား​မှာ​ယေ​ရှာ​ယ၊ ယေ​ရှာ​ယ​၏​သား​ကား ယော​ရံ​ဖြစ်​၏။ ယော​ရံ​၏​သား​သည်​ဇိ​ခ​ရိ ဖြစ်​၍​ဇိ​ခ​ရိ​၏​သား​မှာ​ရှေ​လော​မိတ်​ဖြစ် သ​တည်း။-

သူ​တို့​သည်​စစ်​ပွဲ​မှ​တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့ ကို​ယူ​၍ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန် ဆက်​ကပ်​ကြ​လေ​သည်။-

ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင် တို့​အား ဗိ​မာန်​တော်​တွင်​ဆောင်​ရွက်​ရန် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ခွဲ​ခန့်​သတ်​မှတ် ပေး​ပြီး​ဖြစ်​လေ​ပြီ။ အ​ဘက်​ဘက်​မှ​ကျွမ်း ကျင်​သူ​အ​လုပ်​သ​မား​တို့​သည် သင့်​အား ကူ​ညီ​ရန်​စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ ၏။ လူ​အ​ပေါင်း​နှင့်​သူ​တို့​၏​ခေါင်း​ဆောင် များ​သည်​လည်း​သင်​၏​အ​မိန့်​ကို​လိုက် နာ​ဆောင်​ရွက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။ မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။ အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။

လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-

ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-

ဗိ​မာန်​တော်​အ​စောင့်​တပ်​သား (ရှလ္လုံ၊ အာ​တာ၊ တာ​လ​မုန်၊ အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၉




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ