Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ရာ​ချုပ် 22:6

Common Language Bible

မင်း​ကြီး​သည်​သား​တော်​ရှော​လ​မုန်​ကို ခေါ်​ယူ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​တစ်​ဆောင်​ကို​တည်​ဆောက်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​အ​မိန့်​ချ​မှတ်​သည့်​အ​တိုင်း​မင်း​၏​အ​မှု ထမ်း​တို့​သည် အာ​ဗြံ​အား​သူ​၏​မ​ယား​နှင့် တ​ကွ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို​ယူ​ဆောင်​စေ​ပြီး တိုင်း​ပြည်​မှ​ထွက်​ခွာ​သွား​စေ​ကြ​၏။

ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည်​နန်း​တော်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ရ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဒါ​ဝိဒ်​မင်း​အား​ရန်​သူ​အ​ပေါင်း တို့​ဘေး​မှ​ကင်း​ဝေး​စေ​တော်​မူ​သ​ဖြင့်၊-

ဒါ​ဝိဒ်​သည်​မိ​မိ​ကွယ်​လွန်​ချိန်​နီး​သော​အ​ခါ သား​တော်​ရှော​လ​မုန်​ကို​ခေါ်​၍​နောက်​ဆုံး​ညွှန် ကြား​ချက်​များ​ကို​ပေး​လေ​သည်။-

ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည် မိ​မိ​နန်း​တော်​တွင် စံ​မြန်း​လျက်​နေ​တော်​မူ​လေ​ပြီ။ တစ်​နေ့​သ​၌ သူ​သည်​ပ​ရော​ဖက်​နာ​သန်​အား​ခေါ်​ပြီး​လျှင်``ငါ သည်​အာ​ရစ်​သား​နှင့်​တည်​ဆောက်​သော​နန်း​တော် တွင်​စံ​နေ​ရ​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​မူ​ကား တဲ​တော်​၌​ပင်​ရှိ​နေ​ပေ သည်'' ဟု​မိန့်​တော်​မူ​၏။

ဒါ​ဝိဒ်​မင်း​သည်​ထို​သူ​တို့​ရှေ့​တွင်​ရပ်​လျက် မိန့်​ခွန်း​မြွက်​ကြား​တော်​မူ​၏။ မင်း​ကြီး​က``ငါ ၏​ပြည်​သူ​ပြည်​သား​တို့၊ နား​ထောင်​ကြ​လော့။ ငါ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​ခြေ​တင်​ခုံ​ဖြစ်​သော ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ထား​ရှိ​ရန်​အ​တွက်​အိမ်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လို​ပေ​သည်။ ဘု​ရား​သ​ခင် နာ​မ​တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော် တည်​ဆောက်​ရေး​အ​တွက်​ငါ​သည်​ပြင်​ဆင် မှု​များ​ကို​ပြု​ခဲ့​လေ​ပြီ။-

ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​အ​တိုင်း ယော​ရှု​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​၍​မိ​မိ​အား​ဆက်​ခံ​သူ အ​ဖြစ်​ကြေ​ညာ​လေ​၏။

ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-

ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။

ဤ​ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ဆောင်​ရွက်​ရန် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော် ၌​လည်း​ကောင်း၊ သန့်​ရှင်း​မြင့်​မြတ်​သော​ကောင်း​ကင် တ​မန်​များ​ရှေ့​၌​လည်း​ကောင်း​သင့်​အား​ငါ​သစ္စာ ပေး​၏။ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ကြို​တင် စီ​ရင်​ဆုံး​ဖြတ်​မှု​နှင့်​ဘက်​လိုက်​မှု​ကို​မ​ပြု​နှင့်။-

ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​၌​လည်း​ကောင်း သေ​သူ​ရှင်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​မည့် ခ​ရစ်​တော်​ယေ​ရှု​၏​ရှေ့​တော်​မှောက်​၌​လည်း ကောင်း ကိုယ်​တော်​သည်​အုပ်​စိုး​ရန်​ဘု​ရင်​အ​ဖြစ် ကြွ​လာ​မည်​ဖြစ်​၍​သင့်​အား​ငါ​သစ္စာ​ပေး​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ