၁ ရာချုပ် 22:7Common Language Bibleဒါဝိဒ်က``ငါ့သား၊ ငါသည်ဘုရားသခင် ထာဝရဘုရား၏နာမတော်ကိုချီးမြှောက် ရန်အတွက် ဗိမာန်တော်တစ်ဆောင်ကိုတည် ဆောက်လိုသည်။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမှုတော်ကိုစိတ်ရောကိုယ်ပါ ဆောင်ရွက်ကြလော့။ ထာဝရဘုရား၏နာမ တော်ကိုချီးမြှောက်ရန်ဗိမာန်တော်ကိုစတင် တည်ဆောက်ကြလော့။ သို့မှသာလျှင်သင်တို့ သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်နှင့် ကိုယ်တော်အားဝတ်ပြုကိုးကွယ်မှု ဆိုင်ရာအမွန်အမြတ်ထားသည့်အခြား ဝတ္ထုပစ္စည်းအသုံးအဆောင်များကိုဗိမာန် တော်တွင်ထားရှိနိုင်ကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-