၁ ရာချုပ် 22:5Common Language Bibleဒါဝိဒ်သည်``ငါ၏သားရှောလမုန်တည်ဆောက် မည့်ဗိမာန်တော်သည်ခမ်းနားထည်ဝါ၍ ကမ္ဘာ ပေါ်တွင်ထင်ပေါ်ကျော်ကြားရပေမည်။ သို့ ရာတွင်ရှောလမုန်သည်အသက်အရွယ် ငယ်၍အတွေ့အကြုံနည်းပါးသေးသူ ဖြစ်သဖြင့် ငါသည်ဗိမာန်တော်အတွက် ပြင်ဆင်မှုများကိုပြုလုပ်ပေးမည်'' ဟု တွေးတောဆင်ခြင်ကာ မကွယ်လွန်မီဗိမာန် တော်တည်ဆောက်ရန်ပစ္စည်းအမြောက် အမြားကိုအသင့်စုဆောင်းလေသည်။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
အဆွေတော်၏သစ်ခုတ်သမားများသည် အဘယ်မျှကျွမ်းကျင်သည်ကိုကျွန်ုပ်သိပါ၏။ သို့ဖြစ်၍လေဗနုန်တောမှသစ်ကတိုး၊ ထင်း ရှူးနှင့်အာလဂုံသစ်များကိုပေးပို့စေလို ပါသည်။ ကျွန်ုပ်တည်ဆောက်ရန်ကြံရွယ်သည့် ဗိမာန်တော်သည်ကြီးကျယ်ခမ်းနားမည်ဖြစ် ၍သစ်သားအမြောက်အမြားကိုရွေးရာတွင် အဆွေတော်၏လူတို့အားဝိုင်းဝန်းကူညီ ရန်ကျွန်ုပ်၏လူတို့ကိုစေလွှတ်ပေးပါမည်။-
အခါတစ်ပါးကထိုသူတို့သည်မိမိတို့ ၏လှပသောကျောက်မျက်ရတနာများ အတွက် ဝါကြွားဂုဏ်ယူခဲ့ကြသော်လည်း ယင်းတို့ကိုစက်ဆုပ်ဖွယ်ကောင်းသည့်ရုပ်တု များပြုလုပ်ရာတွင်အသုံးပြုကြကုန်၏။ သို့ဖြစ်၍ထာဝရဘုရားသည်သူတို့အား ထိုရတနာများသည်သူတို့အတွက်မသန့် ရှင်းသောအရာများဖြစ်စေတော်မူ၏။
ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။