Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 9:27

Common Language Bible

ငါ​သည်​သူ​တစ်​ပါး​တို့​အား​ပြိုင်​ပွဲ​ဝင်​ရန်​ခေါ် ဖိတ်​ခဲ့​ပြီး​နောက် မိ​မိ​ကိုယ်​တိုင်​ပြိုင်​ပွဲ​မှ​အ​ပယ် မ​ခံ​ရ​စေ​ရန်​ငါ​၏​ကိုယ်​ခန္ဓာ​ကို​မာ​ကြော​အောင် ထိုး​ကြိတ်​၍​ချုပ်​ထိန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။

ပွင့်​ဖူး၊ အ​ကိုင်း​နှင့်​ဆီ​မီး​တိုင်​တို့​သည်​တစ် သား​တည်း​ဖြစ်​၍၊ ရွှေ​ဖြင့်​ထု​လုပ်​၏။-

ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ပစ်​ပယ် လိုက်​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​ကို​အ​ပယ်​ခံ ငွေ​ချော်​မြှုပ်​ဟူ​၍​ခေါ်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။''

လူ​သည်​တစ်​လော​က​လုံး​ကို​စိုး​ပိုင်​ခွင့်​ရ​သော် လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။-

အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-

ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။

ပြိုင်​ပွဲ​ဝင်​ရန်​လေ့​ကျင့်​သူ​အား​က​စား​သ​မား တိုင်း​ပင် ကြပ်​တည်း​သည့်​စည်း​ကမ်း​များ​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရ​၏။ ထို​သူ​တို့​ဤ​သို့​ပြု​ကြ ခြင်း​မှာ ညှိုး​နွမ်း​ပျက်​စီး​နိုင်​သော​ပန်း​ဦး​ရစ် ကို​ရ​ရှိ​ရန်​ပြု​ကြ​ခြင်း​ဖြစ်​ပေ​သည်။ ငါ​တို့ မူ​ကား​မ​ညှိုး​နွမ်း​မ​ပျက်​စီး​နိုင်​သော ပန်း​ဦး ရစ်​ကို​ရ​ရှိ​ရန်​ပြု​ကြ​၏။-

အ​လုပ်​ကို​ပင်​ပန်း​ခက်​ခဲ​စွာ​လုပ်​ကိုင်​ရ​ခြင်း မ​ကြာ​ခ​ဏ​အ​အိပ်​ပျက်​ခြင်း၊ ဆာ​လောင် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ မ​ကြာ​ခ​ဏ ဝ​အောင်​မ​စား​ရ​ခြင်း၊ အ​အေး​ဒဏ်​ခံ​ရ ခြင်း၊ ဝတ်​စ​ရာ​လည်း​လုံ​လောက်​စွာ​မ​ရှိ ခြင်း​များ​ကို​ငါ​ခံ​ရ​၏။-

သို့​ဖြစ်​၍​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​စွာ ကျင့်​ခြင်း၊ ပြင်း​ပြ​သော​တ​ဏှာ​ရမ္မက်၊ မ​ကောင်း​မှု ပြု​လုပ်​လို​သော​စိတ်​ရှိ​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း​အ​စ​ရှိ​သော​လော​ကီ​အာ​သာ​ရမ္မက်​များ ကို​သေ​စေ​ကြ​လော့။ (လော​ဘ​ကူး​ခြင်း​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တစ်​မျိုး​ပင်​ဖြစ်​၏။-)

သက်​ရွယ်​ပျို​သူ​တို့​၏​ရမ္မက်​ဆန္ဒ​များ​ကို​ရှောင် ကြဉ်​လော့။ သ​ခင်​ဘု​ရား​အား​သန့်​ရှင်း​စင်​ကြယ် သော​စိတ်​နှင့်​ပတ္ထ​နာ​ပြု​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း​တ​ရား၊ မေတ္တာ​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရှာ လော့။-

ချစ်​ဆွေ​တို့၊ သင်​တို့​သည်​ဤ​လော​က​တွင်​ဧည့် သည်​အာ​ဂန္တု​အ​ဖြစ်​နှင့် မိ​မိ​တို့​အား​အ​မြဲ စစ်​ပြိုင်​တိုက်​ခိုက်​လျက်​နေ​သော​ကာ​ယ​တပ် မက်​မှု​များ​ကို​အ​ရှုံး​မ​ပေး​ရန် ငါ​တိုက်​တွန်း နှိုး​ဆော်​၏။-

သူ​တို့​သည်​လမ်း​ဖြောင့်​မှ​သွေ​ဖီ​ကာ​မှောက် မှား​လမ်း​လွဲ​ကြ​လေ​ပြီ။ ဗော​သော်​၏​သား၊ ဗာ​လမ်​၏​လမ်း​စဉ်​ကို​လိုက်​ကြ​ပြီ။ ဗာ​လမ် ကား​အ​ပြစ်​ပြု​ခြင်း​ဖြင့်​ရ​ရှိ​မည့်​အ​ခ​ကို တပ်​မက်​သည်​ဖြစ်​၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ