Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 9:26

Common Language Bible

ထို့​ကြောင့်​ငါ​သည်​ပန်း​ဝင်​ရာ​သို့ တည့်​မတ်​စွာ ပြေး​၏။ ငါ​သည်​မိ​မိ​လက်​သီး​စွမ်း​ကို​အ​ချည်း နှီး​မ​ဖြုန်း​တီး​သည့်​လက်​ဝှေ့​သ​မား​နှင့်​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​စ​တင်​ဟော​ပြော​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​ကောင်း​ကင်​နိုင်​ငံ တော်​သည် အ​ကြမ်း​ဖက်​သ​မား​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ရ​၏။ အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ထို နိုင်​ငံ​တော်​ကို​သိမ်း​ယူ​ရန်​ကြိုး​စား​ကြ​၏။-

ကိုယ်​တော်​က ``သင်​တို့​သည်​ကျဉ်း​မြောင်း​သော တံ​ခါး​ပေါက်​ကို​ဝင်​ရန်​ကြိုး​စား​အား​ထုတ်​ကြ လော့။ လူ​အ​များ​ပင်​ထို​တံ​ခါး​ပေါက်​ကို​ဝင်​ရန် ကြိုး​စား​ကြ​လိမ့်​မည်။ သို့​သော်​ဝင်​နိုင်​စွမ်း​ရှိ​ကြ လိမ့်​မည်​မ​ဟုတ်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

ထို​နည်း​တူ​စွာ​ထူး​ဆန်း​သည့်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​သင်​တို့​ပြော​သည့်​စ​ကား​သည် အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှင်း​ပါ​မူ အ​ဘယ်​သူ​သည် နား​လည်​နိုင်​မည်​နည်း။ သင်​တို့​၏​စ​ကား​များ သည်​လေ​ထဲ​တွင်​ပျောက်​ကွယ်​သွား​လိမ့်​မည်။-

ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။-

ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​ရှိ​၍​ဤ​ကိုယ်​ခန္ဓာ နေ​အိမ်​ကို​စွန့်​ခွာ​ပြီး​လျှင် သ​ခင်​ဘု​ရား​နှင့် အ​တူ​နေ​ထိုင်​ရန်​ပို​၍​လို​လား​ကြ​၏။-

ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-

ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။-

အ​သက်​ရှင်​ခြင်း​ဟူ​သည်​မှာ​အ​ဘယ်​နည်း။ ငါ ၏​အ​ဖို့​မှာ​အ​သက်​ရှင်​ခြင်း​သည်​ခ​ရစ်​တော်​ပင် ဖြစ်​၏။ သေ​လျှင်​မူ​ကား​ပို​၍​အ​ကျိုး​ရှိ​၏။-

ဤ​တာ​ဝန်​လုပ်​ငန်း​ကို​ငါ​ကြိုး​ပမ်း​လုပ်​ဆောင် လျက်​ရှိ​စဉ်​ခ​ရစ်​တော်​သည် ငါ့​အား​ကြီး​မား သော​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​သည်။ ထို တန်​ခိုး​စွမ်း​ရည်​သည်​ငါ​၏​အ​ထဲ​၌​လုပ် ဆောင်​လျက်​ရှိ​၏။

ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။-

အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။-

ငါ​သည်​ပြေး​ပွဲ​တွင်​အ​စွမ်း​ကုန်​ကြိုး​စား​ခဲ့​ပြီ။ တာ​အ​ဆုံး​တိုင်​အောင်​ပြေး​ခဲ့​ပြီ။ ယုံ​ကြည်​ခြင်း တ​ရား​ကို​စောင့်​ထိန်း​ခဲ့​ပြီ။-

ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-

ငြိမ်​ဝပ်​ချမ်း​သာ​ခံ​စား​ခွင့်​ကို​ငါ​တို့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဟု​က​တိ တော်​ရှိ​၏။ သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက် မျှ ယင်း​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​လက်​မ​လွတ် စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

ငါ​ကဲ့​သို့​အ​သင်း​တော်​ကို​အုပ်​ထိန်း​ရ​သူ​များ ဖြစ်​ကြ​သည့်​သင်​တို့​အား​မေတ္တာ​ရပ်​ခံ​လို​၏။ ငါ သည်​ခ​ရစ်​တော်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို​တွေ့​မြင် ရ​သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း၊ ပေါ်​လွင် ထင်​ရှား​လတ္တံ့​သော​ဘုန်း​အ​သ​ရေ​တော်​ကို သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခံ​ယူ​ရန်​မျှော်​လင့် သူ​တစ်​ဦး​အ​နေ​နှင့်​လည်း​ကောင်း​မေတ္တာ ရပ်​ခံ​လို​၏။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​ဘု​ရား​သ​ခင် ခေါ်​ယူ​ရွေး​ချယ်​တော်​မူ​ခြင်း​ကို​တည်​မြဲ​စေ​ရန် ပို​၍​ပင်​ကြိုး​စား​ကြ​ပါ​မူ​သင်​တို့​သည်​အ​ဘယ် အ​ခါ​မျှ မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ် ကြ​လိမ့်​မည်​မ​ဟုတ်။-

ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ