Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 10:1

Common Language Bible

ညီ​အစ်​ကို​တို့၊ မော​ရှေ​ဦး​ဆောင်​သော​ငါ​တို့​၏ ဘိုး​ဘေး​များ​အ​ကြောင်း​ကို​သ​တိ​ရ​စေ​လို​၏။ သူ​တို့​သည်​မိုး​တိမ်​၏​အ​ကွယ်​အ​ကာ​ရ​၍ ပင်​လယ်​နီ​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ဖြတ်​သန်း​ခဲ့ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကိုယ်​တော်​၏​က​ရု​ဏာ​တော်​သည် ကြီး​မား​တော်​မူ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည်​သူ​တို့​အား​သဲ​ကန္တာ​ရ​တွင် စွန့်​တော်​မ​မူ​ပါ။ နေ့​အ​ချိန်​၌​သူ​တို့​အား​လမ်း​ပြ​ပို့​ဆောင်​သည့် မိုး​တိမ်​တိုက်​ကို​လည်း​ကောင်း၊ ညဥ့်​အ​ချိန်​သူ​တို့​၏​လမ်း​ခ​ရီး​ကို​ထွန်း​လင်း စေ​သည့် မီး​တိမ်​တိုက်​ကို​လည်း​ကောင်း​ရုပ်​သိမ်း​တော် မ​မူ​ပါ။

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အ​ပေါ်​သို့ မိုး​တိမ်​ရိပ်​ကျ​စေ​တော်​မူ​၍ ညဥ့်​အ​ခါ​အ​လင်း​ရ​စေ​ရန်​မီး​ကို​ပေး​တော် မူ​၏။

ကိုယ်​တော်​သည်​ပင်​လယ်​ကို​ကုန်း​မြေ​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး​များ​သည်​မြစ်​ကို ခြေ​လျင်​ဖြတ်​ကူး​ခဲ့​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​အ​တွက်​ငါ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ခဲ့​ကြ​၏။

ကိုယ်​တော်​သည်​သူ​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပို့​ဆောင်​တော်​မူ​သည်​ဖြစ်​၍​သူ​တို့​သည် မ​ကြောက်​မ​လန့်​ကြ။ သို့​ရာ​တွင်​ပင်​လယ်​ရေ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို လွှမ်း​မိုး​လေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို မိုး​တိမ်​တိုက်​လွှမ်း​၍​ထာ​ဝ​ရ​ဘု​ရား ၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် တဲ​တော်​တွင်း​၌​ထွန်း​တောက်​လေ​၏။-

သူ​တို့​က​ဤ​ပြည်​ရှိ​ပြည်​သား​တို့​အား​သ​တင်း ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​မိုး​တိမ်​သည်​အ​ကျွန်ုပ် တို့​၏​အ​ထက်​တွင်​ထင်​ရှား​စွာ​တည်​နေ​ကြောင်း ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည်​နေ့​အ​ချိန်​တွင် မိုး​တိမ်​တိုင်၊ ည​အ​ချိန်​တွင်​မီး​တိမ်​တိုင်​အား ဖြင့်​အ​ကျွန်ုပ်​တို့​ရှေ့​မှ​ကြွ​သွား​တော်​မူ​ကြောင်း ကို​လည်း​ကောင်း ဤ​ပြည်​ရှိ​ပြည်​သား​များ​သိ ရ​ပြီး​ဖြစ်​ပါ​သည်။-

သူ​တို့​သည်​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​မှ​ထွက်​လာ ၍ ပင်​လယ်​နီ​ကို​ဖြတ်​ကူး​ပြီး​လျှင်​ဧ​သံ တော​ကန္တာ​ရ​သို့​ရောက်​ကြ​၏။ သုံး​ရက်​ခ​ရီး သွား​ပြီး​နောက်​မာ​ရ​စ​ခန်း​၌​ရပ်​နား ကြ​၏။-

ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။

ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-

ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-

သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​ရေး​သား​မေး​မြန်း သည့်​ဝိ​ညာဉ်​တော်​၏​ဆု​ကျေး​ဇူး​များ​နှင့် ပတ်​သက်​၍ သင်​တို့​အား​သိ​စေ​လို​သော အ​ချက်​များ​ရှိ​၏။-

မ​သိ​မှတ်​လျှင်​သူ့​ကို​လည်း​အ​သိ​အ​မှတ်​မ​ပြု ကြ​နှင့်။

သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။

ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပင်​လယ်​နီ​ကို​ခြောက်​သွေ့​စေ​တော်​မူ​သ​ကဲ့​သို့ ယော်​ဒန်​မြစ်​ကို​သင်​တို့​ဖြတ်​ကူး​ပြီး​သည် တိုင်​အောင်​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ပြော ကြား​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ