Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 15:50

Common Language Bible

ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-

ထို​နောက်​ဘု​ရင်​မင်း​မြတ်​က​လက်​ယာ​တော်​ဘက် တွင်​ရှိ​သော​သူ​တို့​အား `ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သူ​တို့၊ လော​က​ကို​ဖန်​ဆင်း​တော်​မူ​ချိန်​မှ စ​၍​သင်​တို့​အ​တွက်​ပြင်​ဆင်​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​ကို​ခံ​ယူ​ကြ​လော့။-

အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။-

သင်​တို့​တွင်​တစ်​ယောက်​တစ်​မျိုး​စီ​ပြော​နေ​ကြ ၏။ ``ငါ​သည်​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည် အာ​ပေါ​လု​၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ကေ​ဖ ၏​တ​ပည့်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​၏​တ​ပည့် ဖြစ်​သည်'' ဟု​အ​သီး​သီး​ပြော​ဆို​နေ​ကြ​၏။-

ထို​နည်း​တူ​သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း သည်​ဤ​အ​တိုင်း​ဖြစ်​၏။ ကိုယ်​ခန္ဓာ​သည်​မြေ​၌​မြှုပ်​နှံ ခြင်း​ခံ​ရ​သော​အ​ခါ​ပုပ်​ပျက်​တတ်​သော​အ​ဖြစ် တွင်​ရှိ​၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​မ​ပုပ် မ​ပျက်​တတ်​သော​အ​ဖြစ်​တွင်​ရှိ​လိမ့်​မည်။-

မြှုပ်​နှံ​ခြင်း​ခံ​ရ​သော​အ​ခါ​ကာ​ယ​ခန္ဓာ​ဖြစ် ၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​ဝိ​ညာ​ဏ ခန္ဓာ​ဖြစ်​လိမ့်​မည်။ ရုပ်​ခန္ဓာ​ရှိ​သ​ဖြင့်​ဝိ​ညာ​ဏ ခန္ဓာ​လည်း​ရှိ​ရ​ပေ​သည်။-

သူ​ခိုး​များ၊ လော​ဘ​လွန်​ကူး​သူ​များ၊ သေ သောက်​ကြူး​သူ​များ၊ ဆဲ​ရေး​တိုင်း​ထွာ​သူ​များ နှင့်​လု​ယက်​တိုက်​ခိုက်​သူ​များ​သည် ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည် မ​ဟုတ်။-

``အ​စား​အ​စာ​သည်​ဝမ်း​အ​တွက်​ဖြစ်​၏။ ဝမ်း သည်​လည်း​အ​စား​အ​စာ​အ​တွက်​ဖြစ်​၏'' ဟု သင်​တို့​ဆို​လိမ့်​မည်။ ဤ​စ​ကား​သည်​မှန်​ပေ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရာ​နှစ်​ခု လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ ကိုယ်​ခန္ဓာ သည်​ကာ​မ​ဂုဏ်​လိုက်​စား​ရန်​အ​တွက်​မ​ဟုတ်။ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် အ​တွက်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည်​လည်း​ကိုယ် ခန္ဓာ​လို​အပ်​သည်​များ​ကို​ချ​ပေး​တော်​မူ​၏။-

ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-

ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ အ​ချိန်​ကာ​လ​ကုန်​ဆုံး​တော့​မည်။ ယ​ခု​မှ​စ​၍ အိမ်​ထောင်​ရှင်​အ​မျိုး​သား​များ​သည်​အိမ်​ထောင် မ​ရှိ​သ​ကဲ့​သို့​နေ​အပ်​၏။-

ငါ​တို့​၏​နေ​အိမ်​ဖြစ်​သည့်​ကိုယ်​ခန္ဓာ​တည်း ဟူ​သော​ယာ​ယီ​တဲ​သည်​ပျက်​လျှင် ကောင်း​ကင် ဘုံ​တွင်​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ဖန်​ဆင်း တော်​မူ​သော​နိစ္စ​ထာ​ဝ​ရ​နေ​အိမ်​ကို ငါ​တို့ အား​ပေး​သ​နား​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ တို့​သိ​ကြ​၏။-

မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-

ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော် မူ​ပြီး​လျှင် ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​က​တိ ထား​တော်​မူ​၏။ အ​နှစ်​လေး​ရာ့​သုံး​ဆယ်​ကြာ မှ​ပေါ်​ပေါက်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ထို ပ​ဋိ​ညာဉ်​တော်​ကို​မ​ပယ်​မ​ဖျက်​နိုင်။ က​တိ တော်​ကို​လည်း​မ​ပယ်​မ​ဖျက်​နိုင်။-

ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။-

သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​မဲ့​သူ​များ​နည်း တူ​ဆက်​လက်​မ​ကျင့်​ကြံ​ကြ​ရန် သ​ခင်​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ငါ​သ​တိ​ပေး လို​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကား အ​ချည်း​နှီး​သာ​ဖြစ်​သည်။-

သို့​ဖြစ်​၍​မည်​မျှ​ပင်​ယုတ္တိ​ရှိ​ဟန်​တူ​သော မှား​ယွင်း​သည့်​အ​ကြောင်း​ပြ​ချက်​များ​ဖြင့် အ​ဘယ်​သူ​မျှ​သင်​တို့​အား​မ​လှည့်​စား​စေ နှင့်။-

သ​ခင်​ဘု​ရား​သည်​ငါ့​အား​ဘေး​အန္တ​ရာယ် အ​ပေါင်း​တို့​မှ​ကယ်​နုတ်​တော်​မူ​၍​မိ​မိ​၏ ကောင်း​ကင်​နိုင်​ငံ​တော်​သို့​လုံ​ခြုံ​စွာ​ပို့​ဆောင် တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ