Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 15:49

Common Language Bible

ငါ​တို့​သည်​မြေ​မှုန့်​မှ​ဖန်​ဆင်း​ထား​သူ​၏​ပုံ​သဏ္ဌာန် ကို​ဆောင်​သ​ကဲ့​သို့​ကောင်း​ကင်​ဘုံ​မှ​ကြွ​လာ​တော် မူ​သော​သူ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​ဒံ​သည်​အ​သက်​တစ်​ရာ​သုံး​ဆယ်​ရှိ​သော် သူ​နှင့်​ရုပ်​ချင်း​တူ​သော​သား​ကို​ရ​၍ ရှေ​သ ဟု​နာ​မည်​မှည့်​လေ​၏။-

ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။-

သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မျက်​နှာ​ဖုံး​မ​ရှိ တော့​ဘဲ​သ​ခင်​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ရောင်​ပြန်​ဟပ်​လျက်​ရှိ​ကြ​၏။ ဝိ​ညာဉ်​တော်​တည်း ဟူ​သော​သ​ခင်​ဘု​ရား​မှ​လွှတ်​သော​ထို​ဘုန်း အ​သ​ရေ​တော်​သည် ငါ​တို့​အား​အ​စဉ်​တ​စိုက် ဘုန်း​အ​သ​ရေ​တိုး​ပွား​စေ​၍​ကိုယ်​တော်​၏​ပုံ သဏ္ဌာန်​တော်​သို့​ပြောင်း​လဲ​စေ​လျက်​ရှိ​၏။

ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။

ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ