Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 15:51

Common Language Bible

လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တစ်​ခု​ကို​နား​ထောင် ကြ​လော့။ ငါ​တို့​အား​လုံး​သည်​သေ​လွန်​သွား​ကြ မည်​မ​ဟုတ်။ ငါ​တို့​သည်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​ခ​ဏ​ချင်း​မျက်​စိ​တစ်​မှိတ်​အ​တွင်း​၌ ပြောင်း​လဲ​ကြ​မည်။ နောက်​ဆုံး​တံ​ပိုး​ခ​ရာ​မှုတ် သော​အ​ခါ​သေ​လွန်​သူ​တို့​သည် ရှင်​ပြန်​ထ​မြောက် ကြ​၍​သေ​ခြင်း​နှင့်​ထာ​ဝ​စဉ်​ကင်း​လွတ်​ကြ လိမ့်​မည်။ ငါ​တို့​အား​လုံး​သည်​လည်း​ပြောင်း​လဲ ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-

ခ​ရစ်​တော်​ကို​ယုံ​ကြည်​လျက်​သေ​လွန်​သွား​သူ တို့​သည်​လည်း​ထာ​ဝ​ရ​ဆုံး​ရှုံး​ကြ​ပေ​မည်။-

သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-

ထို​နောက်​ကိုယ်​တော်​အား​ခ​ရစ်​ယာန်​ညီ​အစ်​ကို ငါး​ရာ​ကျော်​တို့​သည်​တစ်​ပြိုင်​နက်​ဖူး​မြင်​ရ ကြ​၏။ ထို​သူ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည် သေ​လွန်​သွား​ပြီ​ဖြစ်​သော်​လည်း​လူ​အ​များ​စု မှာ​ယ​ခု​တိုင်​အောင်​အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။-

ငါ​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​ဉာဏ်​ပညာ တော်​အ​ကြောင်း​ကို​ဟော​ပြော​၏။ ထို​ဉာဏ်​ပ​ညာ ကား​လူ​သား​တို့​ထံ​မှ​ဘု​ရား​သ​ခင်​လျှို့​ဝှက် ထား​သော​အ​ရာ​ဖြစ်​၏။ သို့​သော်​ငါ​တို့​ဘုန်း အ​သ​ရေ​ခံ​စား​ရ​စေ​ရန် ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင်​လျှင် ဘု​ရား သ​ခင်​စီ​ရင်​သော​ဉာဏ်​ပညာ​ဖြစ်​၏။-

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​သမ္မာ တ​ရား​တော်​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ ခ​ရစ် တော်​၏​အ​စေ​ခံ​များ​ဖြစ်​သည်​ဟု​သင်​တို့​မှတ် ယူ​သင့်​ကြ​၏။-

ဤ​ယာ​ယီ​တဲ​တွင်​နေ​ထိုင်​စဉ်​ကောင်း​ကင်​ဘုံ အိမ်​ကို​အ​လွန်​တောင့်​တ​သ​ဖြင့် ငါ​တို့​သည် ညည်း​တွား​လျက်​နေ​ကြ​၏။-

ရုပ်​ကိုယ်​ခန္ဓာ​တွင်​နေ​ရ​သ​ဖြင့်​ငါ​တို့​ညည်း​တွား ကြ​၏။ ယင်း​သို့​ညည်း​တွား​ကြ​ခြင်း​မှာ​မိ​မိ​တို့ ၏​ရုပ်​ကိုယ်​ခန္ဓာ​ကို​ပယ်​ရှား​ပစ်​လို​၍​မ​ဟုတ်။ သေ ကြေ​ပျက်​စီး​တတ်​သော​အ​ရာ​ကို​ထာ​ဝ​စဉ် အ​သက်​ရှင်​သည့်​အ​ရာ​သို့​ပြောင်း​လဲ​စေ​ရန် ကောင်း​ကင်​ဘုံ​ကိုယ်​ခန္ဓာ​ကို​ရ​ရှိ​လို​၍​ဖြစ် ပေ​သည်။-

မိ​မိ​ရည်​ရွယ်​ချက်​အ​တိုင်း​ပြု​တော်​မူ​၏။ ခ​ရစ်​တော်​အား​ဖြင့်​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ​တို့​အား​သိ​စေ​တော်​မူ​ပြီ။-

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။-

ဤ​ကား​အ​လွန်​နက်​နဲ​သော​သစ္စာ​စ​ကား​ဖြစ် ၍ ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​စူး​၍ ဆို​သော​စ​ကား​ဖြစ်​သည်​ဟု​ငါ​ဆို​၏။-

ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ