၁ ကော 10:22Common Language Bibleငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။ အခန်းကိုကြည့်ပါ။ |
သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။