Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 10:23

Common Language Bible

``ငါ​တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​နိုင်​ခွင့် ရှိ​၏'' ဟု​ဆို​ကြ​သည်​အ​တိုင်း​မှန်​သော်​လည်း အ​ရာ​ခပ်​သိမ်း​သည်​ကောင်း​မွန်​သည်​မ​ဟုတ်။``ငါ တို့​တွင်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​သော်​လည်း​အ​ရာ​ခပ်​သိမ်း​သည်​ငါ​တို့ အ​ကျိုး​ကို​ပြု​စု​ပေး​သည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။-

သင်​တို့​သည်​ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​များ​ကို လို​လား​တောင့်​တ​ကြ​သည့်​အ​လျောက်​အ​သင်း တော်​ကြီး​ပွား​တိုး​တက်​မှု​ကို အ​ထောက်​အ​ကူ ပြု​မည့်​ဆု​ကျေး​ဇူး​များ​ကို​ပို​၍​အ​သုံး​ပြု ရန်​ကြိုး​စား​ကြ​လော့။-

ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​သင်​တို့​၏​ဆု​တောင်း ပတ္ထ​နာ​သည်​ကောင်း​မွန်​စေ​ကာ​မူ​သူ​တစ်​ပါး အ​တွက်​မည်​သို့​မျှ​အ​ကျိုး​မ​ရှိ။

ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။-

သင်​တို့​က``ငါ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို ပြု​နိုင်​ခွင့်​ရှိ​၏'' ဟု​ဆို​ကြ​လိမ့်​မည်။ သင်​တို့ ဆို​သည်​အ​တိုင်း​မှန်​ပေ​၏။ သို့​သော်​အ​ရာ ခပ်​သိမ်း​သည် သင်​တို့​အ​ဖို့​အ​ကျိုး​မ​ရှိ​နိုင်။ ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​ပြု​ပိုင်​ခွင့် ရှိ​သည်​ဟု​ဆို​နိုင်​သော်​လည်း အ​ဘယ်​အ​မှု က​မျှ​ငါ့​အား​၎င်း​၏​ကျွန်​ဖြစ်​စေ​ရန်​ငါ အ​ခွင့်​ပေး​လိမ့်​မည်​မ​ဟုတ်။-

သင်​တို့​ရေး​သား​မေး​မြန်း​သည့်​ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​အ​စား​အ​စာ​ကိစ္စ​နှင့်​ပတ်​သက် ၍ ငါ​ဖြေ​ပေး​ပါ​မည်။ ငါ​တို့​အား​လုံး​ပင် အ​သိ​ပ​ညာ​ရှိ​သူ​များ​ဖြစ်​သည်​ဟု​ဆို သည့်​စ​ကား​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင်​အ​သိ ပ​ညာ​သည်​လူ​တို့​ကို​မာန်​မာ​န​ထောင် လွှား​စေ​တတ်​၏။ မေတ္တာ​မူ​ကား​ဆောက်​တည် မှု​ကို​ပြု​တတ်​၏။-

သို့​ရာ​တွင်​သင်​တို့​ဤ​သို့​လွတ်​လပ်​စွာ​စား သောက်​နိုင်​ခွင့်​သည် ယုံ​ကြည်​မှု​အား​နည်း​သူ များ​အ​တွက်​မှောက်​မှား​စ​ရာ​မ​ဖြစ်​စေ​ရန် သ​တိ​ပြု​ကြ​လော့။-

ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-

ညစ်​ညမ်း​သည့်​စ​ကား​တစ်​ခွန်း​ကို​မျှ​သင်​တို့​နှုတ်​မှ မ​ထွက်​စေ​နှင့်။ သူ​တစ်​ပါး​တို့​အား​အ​ကျိုး​ရှိ​စေ​မည့် စ​ကား၊ အ​ပြု​သ​ဘော​ပါ​သည့်​စ​ကား​ကို​သာ ပြော​ကြား​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​၏​စကား ကို​ကြား​ကြ​သူ​တို့​သည်​အ​ကျိုး​ကျေး​ဇူး​ခံ​စား ရ​လိမ့်​မည်။-

သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ