Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၁ ကော 10:21

Common Language Bible

သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​ခွက်​ဖ​လား​မှ စ​ပျစ်​ရည်​ကို​သောက်​၍ နတ်​မိစ္ဆာ​၏​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​လည်း​မ​သောက်​နိုင်။ သ​ခင် ဘု​ရား​၏​စား​ပွဲ​တော်​၌​စား​၍​နတ်​မိစ္ဆာ​များ ၏​စား​ပွဲ​၌​လည်း​မ​စား​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​သည်​ထို​လူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍``သင် တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင်​စိတ်​ဇ​ဝေ​ဇ​ဝါ ရှိ​နေ​ကြ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​မှန်​ဖြစ်​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ ဗာ​လ​သည်​ဘု​ရား​အ​မှန် ဖြစ်​လျှင်​မူ​ကား​သူ့​အား​ဝတ်​ပြု​ကိုး​ကွယ် ကြ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည် မည်​သို့​မျှ​ပြန်​၍​မ​ပြော​ကြ။-

``သို့​ရာ​တွင်​ငါ့​ကို​စွန့်​ပစ်​သူ​ငါ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင်​ကို​ဂ​ရု​မ​စိုက်​ဘဲ ကံ​ကြမ္မာ​ဘု​ရား၊ ဂါ​ဒ​နှင့်​မေ​နိ​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​သူ​သင်​တို့​အ​ဖို့​မှာ​မူ​ကား၊-

သင်​တို့​နေ​ထိုင်​ရန်​လာ​ရောက်​သည့်​ဤ​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​ရုပ်​တု​များ​အား​ဖြင့် လည်း​ကောင်း၊ အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့်​လည်း​ကောင်း အ​ဘယ် ကြောင့်​ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ သ​နည်း။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​ဆုံး ပါး​ပျက်​စီး​စေ​၍​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​ကဲ့​ရဲ့​စ​ရာ၊ ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လာ​ကြ​လိမ့်​မည်။-

``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-

အ​ကယ်​၍​ဤ​ကိစ္စ​မျိုး​၌​စိတ်​မ​သိုး​မ​သန့် ဖြစ်​သူ​သည် ``အ​သိ​ပ​ညာ'' ရှိ​သူ​သင်​တို့​က နတ်​ကွန်း​အ​တွင်း​၌​ထိုင်​လျက်​စား​သောက်​နေ သည်​ကို​တွေ့​ရှိ​သော​အ​ခါ ရုပ်​တု​အား​ဆက်​သ သည့်​ပူ​ဇော်​သ​ကာ​ကို​စား​ရဲ​လာ​မည်​မ​ဟုတ် ပါ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ