Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 36:14

Common Language Bible

ထို​အ​ရှင်​က​သင်​တို့​သည်​ဟေ​ဇ​ကိ​၏​လှည့်​စား မှု​ကို​မ​ခံ​ကြ​စေ​ရန် သ​တိ​ပေး​တော်​မူ​လိုက် ပါ​၏။ ဟေ​ဇ​ကိ​သည်​သင်​တို့​အား​မ​ကယ်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​အ​ဘယ်​သူ​အား​စော်​ကား​ကဲ့​ရဲ့​လျက် နေ​သည်​ကို သင်​သိ​ပါ​သ​လော။ သင်​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော ငါ​ဘု​ရား​အား​မ​လေး​မ​ခန့် ပြု​၍ နေ​ပါ​သည်​တ​ကား။-

ဟေ​ဇ​ကိ​က​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ငါ​၏​လက်​မှ​ကယ်​တော် မူ​မည်​ဟု​ဆို​ချေ​သည်။ သို့​ရာ​တွင်​ဟေ​ဇ​ကိ သည်​သင်​တို့​အ​စာ​ရေ​စာ​ငတ်​မွတ်​၍​သေ​ကြ စေ​ရန်​လှည့်​စား​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-

ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-

ခြင်္သေ့​တွင်း​သို့​ရောက်​သော​အ​ခါ​စိုး​ရိမ်​ပူ ပန်​သော​အ​သံ​နှင့်``အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​၏​အ​စေ​ခံ၊ ဒံ​ယေ​လ၊ သင်​သစ္စာ​ရှိ စွာ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည်​သင့် အား​ခြင်္သေ့​များ​၏​ဘေး​မှ​ကယ်​တော်​မူ နိုင်​ပါ​၏​လော'' ဟု​မေး​တော်​မူ​၏။

သူ​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​တော်​တို့​၏​ဘာ​သာ​ရေး​ဆိုင်​ရာ​တ​ရား​ဋ္ဌမ္မ​များ​နှင့်​ပွဲ​လမ်း​သ​ဘင်​များ​ကို​ပြောင်း​လဲ​စေ​ရန် ကြိုး​စား​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်​လည်း သူ​၏​အာ​ဏာ​စက်​အောက်​တွင်​သုံး​နှစ်​ခွဲ​မျှ​နေ​ကြ​ရ​လိမ့်​မည်။-

သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ