Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ရှာ​ယ 36:15

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ် တော်​မူ​နိုင်​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​စေ ရန် ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ​ထောင် ကြ​နှင့်။ အ​ခြား​အ​မျိုး​သား​တို့​၏​ဘု​ရား များ​သည် သူ​တို့​၏​ပြည်​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-

ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ အ​နက်​မှ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ ၏​ပြည်​သို့​ငါ​တို့​ဘု​ရင်​ဧ​က​ရာဇ်​၏​လက် မှ​အ​ဘယ်​အ​ခါ​မှ​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ​ထာ​ဝ​ရ​ဘု​ရား​သည် လည်း ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တော်​မူ​နိုင် သည်​ဟု​သင်​တို့​အ​ဘယ်​ကြောင့်​ထင်​မှတ် ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။

ထို့​နောက်​သူ​သည်​ဆက်​လက်​၍``သင်​တို့​က`ငါ တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို အား​ကိုး​ပါ​သည်' ဟု​ငါ့​အား ပြော​ဆို​ကြ​ပါ​မည်​လော။ ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​ဌာ​န​များ နှင့် ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ပစ်​ပြီး​နောက် ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့​အား ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပလ္လင် ၌​သာ​လျှင် ဝတ်​ပြု​ကိုး​ကွယ်​ကြ​စေ​ရန် မှာ​ကြား​ခဲ့​ပေ​သည်။-

ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-

အာ​ရှု​ရိ​ဧ​က​ရာဇ်​သည်​မိ​မိ​ဖျက်​ဆီး​ပစ် ရန် ဆုံး​ဖြတ်​ထား​သည့်​တိုင်း​နိုင်​ငံ​ကို​အ​ဘယ် သို့​ပြု​တော်​မူ​တတ်​သည်​ကို​သင်​ကြား​သိ ရ​ပြီး​ဖြစ်​ပါ​၏။ သင်​ကိုယ်​တိုင်​ပင်​လျှင်​ငါ ၏​လက်​မှ​လွတ်​မြောက်​နိုင်​လိမ့်​မည်​ဟု​မ ထင်​မှတ်​ပါ​နှင့်။-

သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ