ဟေရှာယ 36:13Common Language Bibleထိုနောက်သူသည်ထ၍ဟေဗြဲဘာသာစကား ဖြင့်``သင်တို့အားအာရှုရိဧကရာဇ်ဘုရင်မိန့် တော်မူသောစကားကိုနားထောင်ကြလော့။- အခန်းကိုကြည့်ပါ။ |
ထိုအခါဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည်ထိုအရာရှိအား``အရှင်၊ အာရမိ ဘာသာစကားဖြင့်အကျွန်ုပ်တို့အားအမိန့် ရှိပါ၊ ထိုစကားကိုအကျွန်ုပ်တို့နားလည် ပါသည်။ ဟေဗြဲဘာသာစကားကိုမပြော ပါနှင့်။ မြို့ရိုးပေါ်ရှိလူအပေါင်းတို့နား ထောင်လျက်နေကြပါသည်'' ဟုပြော၏။
ထိုသူကဘုရင်ဧကရာဇ်သည်သင်တို့ဘုရင် အားသာလျှင် ဤစကားများကိုပြောကြား ရန် ငါ့အားစေလွှတ်တော်မူထိုက်သည်ဟုထင် မှတ်ကြပါသလော။ ငါသည်မြို့ရိုးပေါ်တွင် ထိုင်နေကြသူတို့အားလည်းပြောကြားပါ ၏။ သူတို့သည်လည်းသင်တို့နည်းတူမိမိ တို့၏မစင်ကိုပြန်၍စားပြီးလျှင် မိမိ တို့ကျင်ငယ်ရေကိုပြန်၍သောက်ရကြ လိမ့်မည်'' ဟုပြန်ပြော၏။
အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။